အမေရိကန်သမ္မတကတော် ကမ္ဘောဒီးယားကို ရောက်ရှိ

အမေရိကန် သမ္မတကတော် မီရှဲ အိုဘားမားဟာ ကမ္ဘောဒီးယား နိုင်ငံကို မတ် ၂၀ ရက်နေ့က ရောက်ရှိသွားပါတယ်။ ဒီခရီးစဉ်ဟာ အမျိုးသမီးငယ်တွေ ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ (USAID) ယူအက်စ် အေအိုင်ဒီရဲ့ အစီအစဉ် အစိတ်အပိုင်းအနေနဲ့ သွားရောက်တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ခရီးစဉ်မတိုင်ခင်ကတော့ ဂျပန်ကို သွားရောက်ခဲ့ပါတယ်။ ယူအက်စ် အေအိုင်ဒီရဲ့ အစီအစဉ်ဟာ ကမ္ဘာမှာ ကျောင်းပညာ မသင်ရတဲ့ အမျိုးသမီးငယ် ၆၂ သန်း ရှိနေတာကို လျှော့ချနိုင်ဖို့ ရည်ရွယ်တာပါ။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လုပ်ငန်းတွေ အကောင်အထည်ဖော်မှာဖြစ်ပြိး ကမ္ဘောဒီးယား အပြင် အာဖရိက နိုင်ငံတွေလည်း ပါဝင်ပါတယ်။ မီရှဲ အိုဘားမားကို ကမ္ဘောဒီယား ၀န်ကြီးချုပ်ကတော် ဘန်းရန်းက ကြိုဆိုနုတ်ဆက်ပါတယ်။ ကမ္ဘောဒီယားမှာ ရှိနေစဉ်အတွင်းမှာ မီရှယ် အိုဘားမားဟာ ကလေးတွေကို ပညာသင်ကြားပေးရေး စေတနာ့ဝန်ထမ်း လုပ်အားပေး ဆောင်ရွက်နေကြတဲ့ Peace Corps အဖွဲ့ဝင်တွေကိုလည်း မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ အဲဒီနောက် ရှေ့ဟောင်း အန်ကောဝတ်ဘုရားကျောင်းကို အလည်အပတ်သွားမှာဖြစ်သလို၊ အမေရိကန် သံရုံးဝန်ထမ်းတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ ဓာတ်ပုံ - အေအက်ဖ်ပီ၊ ရိုက်တာ [gallery ids="86544,86545,86546,86547"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up