DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ပညာရေး သတင်း

ဖြိုးဖြိုးအောင်နှင့်မင်းသွေးသစ်ကို မိဘများ ထောင်ဝင်စာတွေ့ဆုံ

  • By ရွှေအောင်
  • 20 March 2015
  • Print
  • Email
    • Tweet

Email This Story :

  • Send Story
  • 7105_454915471330142_5009408581134254789_n
  • 1908385_454915364663486_3864060271434443974_n
  • 10371583_454915444663478_6836155564612690826_n
  • 10424343_454915394663483_7516745969490281511_n
  • 11080913_454915417996814_1035602593682276004_n
  • 1908385_454915364663486_3864060271434443974_n
  • 7105_454915471330142_5009408581134254789_n
  • 1908385_454915364663486_3864060271434443974_n
  • 10371583_454915444663478_6836155564612690826_n
  • 10424343_454915394663483_7516745969490281511_n
  • 11080913_454915417996814_1035602593682276004_n
  • 1908385_454915364663486_3864060271434443974_n

ပဲခူးတိုင်း၊ သာယာဝတီထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့  အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကို  မိဘတွေက ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြပါတယ်။

ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြေင်းက ဗကသ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ အပါအ၀င် ကျောင်းသားတချို့ရဲ့ မိဘတွေ ထောင်ဝင်စာတွေ့ခဲ့ကြတာဖြစ်ပြီး ထောင်အာဏာပိုင်တွေက စောင့်ကြည့်မှတ်တမ်းတင်ထားတယ်လို့  မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေ၀င်းက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ထောင်ဝန်ထမ်းအမျိုးသားတယောက် အမျိုးသမီးတယောက်၊ သမီးဘက်မှာက ထောင်ဝန်ထမ်း အမျိုးသမီး ၂ ယောက်၊ ကျနော်တို့ ပြောတာတွေ စာနဲ့ ရေးမှတ်တယ်၊နောက်ပြီးတော့ မှန်ကာထားတယ်၊သံဇကာ ကာထားတယ်ဗျာ၊ မှန်ကာ ထားတဲ့ကြားကပဲ ပြောရတယ်၊ ၁၅ မိနစ်လောက် ပြောခဲ့ရတယ်။”

မဖြိုးဖြိုးအောင်ရဲ့ ပြောပြချက်အရ သူတို့ကို ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းထားပြီး နံပါတ်တုတ်နဲ့ရိုက်ခဲ့ပြီး ရဲမေတွေက ကျောင်းသူတွေကို အယုတ်တ အနတတွေ မျိုးစုံပြောပြီးဆို အချုပ်ကားပေါ်မှာလည်း ရိုက်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားသလဲဆိုတာ မသိရသေးဘဲ အဖမ်းခံရပြီးနောက်တနေ့ တရားရုံးထုတ်စဉ်ကလည်း  ရဲမေတွေ ရိုက်နှက်တာခံရတာကြောင့် ရိုက်တဲ့ရဲမေတွေကို ပြန်တရားစွဲမယ်လို့  မဖြိုးဖြိုးအောင်က ပြောကြောင်းလည်း သိရပါတယ်။

ကိုမင်းသွေးသစ်ရဲ့ ဖခင်ဖြစ်သူကလည်း သားဖြစ်သူရဲ့ ကျန်းမာရေးကောင်းနေပြီလို့ ပြောပါတယ်။

“ရိုက်ထားတာ ဘယ်နေရာတွေနာသေးလဲလို့ ကျနော်ပြောင်ပဲမေးပါတယ်၊ ရိုက်တုန်းကတော့ ခေါင်းတို့ နံရိုးတို့ နည်းနည်းတော့ ထိထားတာပေါ့အဖေရယ်တဲ့၊ အခုတော့ တော်တော်လေးကောင်းပါပြီ၊ ဘာမှ မဖြစ်တော့ပါဘူးလို့ ပြောပါတယ်။ ထောင်ထဲမှာ အစားအသောက်လည်း အဆင်ပြေပါတယ်တဲ့၊ ထောင်စာကြည့်တိုက်က ဖတ်ဖို့ စာအုပ်တွေ ဘာတွေလည်း ပို့ပေးတယ်လို့ ပြောပါတယ်ခင်ဗျ။”

ထောင်ဝင်စာတွေ့ခွင့်ရကြောင်း သတင်းရတဲ့ ကျောင်းသားဆယ်ယောက်လောက်ရဲ့ မိဘတွေပဲ ဒီနေ့ ထောင်ဝင်စာတွေ့ခဲ့ကြရပြီး မနက်ဖန် စနေနေ့မှာလဲ တွေ့ခွင့်ပေးဦးမယ်လို့ သိရပါတယ်။

နောက်အပတ်တွေမှာတော့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေး နှစ်ရက်ပဲ ထောင်ဝင်စာတွေ့ခွင့်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောဆိုထားပြီး ထောင်ဝင်စာတွေ့ဖို့ လာသူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ယူဆောင်လာကြရမှာလည်း ဖြစ်ပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြေင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲမှု အတွင်း ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ သူတို့ကို လာမယ့် မတ်လ ၂၅ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

ဓာတ်ပုံ – Chocho Bakatha’s facebook



 

Tags: ကျောင်းသားသပိတ် ခေါင်းဆောင်များကို ထောင်ဝင်စာတွေ့

  • Previous story ‘ဆိုလာလေယာဉ်ကြီး မြန်မာပြည်ကိုဘာကြောင့်လာ” – ကာတွန်း အဂ္ဂ
  • Next story ငြိမ်းချမ်းရေးထိုးစစ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.