Live
Home
မြန်မာသတင်း
ကရင်တိုင်းရင်းသားများကို ထိုင်းမှတ်ပုံတင်ထုတ်ပေးရန် ဒီအန်အေစစ်
နန်းမြနဒီ
·
March 21, 2015
မြန်မာဘက်ခြမ်းနဲ့ ထိုင်း-မြန်မာနယ်စပ်ကျေးရွာက တိုင်းရင်းသားတွေကို ထိုင်းမှတ်ပုံ တင်ပြန်ထုတ်ပေးဖို့ ဒီအန်အေ ( မျိုးရိုးဗီဇ ) စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ဆွေစဉ် မျိုးဆက်ဖြစ်ပါလျက်နဲ့ ထိုင်းမှတ်ပုံတင်မရှိလို့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေရသူတွေအတွက် ထိုင်းဘုရင့် သမီးတော် မဟာချက္ကရီသီရိဒုံရဲ့ အထူးစီမံချက်အရ လာရောက်ပြီး ဒီအန်အေစစ်ပေးရတာလို့  ထိုင်းနိုင်ငံမှုခင်းဆေး သိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ပ် ရုတ်ကျန ဆုနန်း Pornthip Rojanasunand က သတင်းထောက်တွေကို ပြောပါတယ်။ dna 1“ဒီလူတွေရဲ့ နိုင်ငံသားအခွင့်အရေးအတွက် အရှင့်သမီးတော် ဖရထိပ်က စိုးရိမ်ပူပန်မှုရှိ ပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ ပညာရေးကိစ္စပါ။ ဒီကလူတွေတင်မကပါဘူး၊ တခြားဒေသကိုလည်း စိုးရိမ်ပါတယ်။ ဒီနေရာကတော့ နမူနာပေါ့။ အရှင့်သမီးတော်ရဲ့ နယ်စပ်ဖွံ့ဖြိုးရေးစီမံကိန်းက လူတွေက သူတို့တွေကို တွေ့ခဲ့တယ်။” ဒီအန်အေ (မျိုးရိုးဗီဇ) စစ်ဆေးမှုကို မတ်လ ၁၉ ရက်နေ့က တာ့ခ်ခရိုင် မယ်လမတ်မြို့ နယ်ရုံးမှာ လာရောက်ပြု လုပ်ပေးခဲ့တာဖြစ်ပြီး မြန်မာဘက်ခြမ်း မြ၀တီခရိုင် ဟွေ့ဆန့် ကျေးရွာနဲ့ မယ်လမတ်မြို့နယ်က ကရင်တိုင်းရင်းသားအများစု လူကြီးလူငယ် အယောက် ၅၀၀  လာရောက် အစစ်ဆေးခံခဲ့တယ်လို့  နယ်ခြားစောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။ အဲဒီလူတွေဟာ ဒုတိယကမ္ဘာစစ်တွင်းက မြန်မာဘက်ခြမ်းဘက် ထွက်ပြေးသွားကြတဲ့ ထိုင်းနိုင်ငံသားများရဲ့ အဆက်အနွယ်တွေလို့  ဆိုပါတယ်။ ဒါပေမယ့် မျိုးရီုးဗီဇ မစစ်ဆေးခင်မှာ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဆွေမျိုးတွေရဲ့ ထောက်ခံချက်၊ ဆွေမျိုးတော်စပ်မှု အထောက်အထား၊ စာရွက်စာတမ်းပြည့်စုံသူတွေကို ဦးစားပေး စစ်ဆေးတာကြောင့် လာရောက်သူထဲက လူပေါင်း ၂၇၄ ဦးသာ ဒီအန်အေ စစ်ဆေးခြင်း ခံခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။ dna 2မနေ့က စစ်ဆေးမှုမှာ ထိုင်းဘက်ခြမ်းက ထိုင်းနိုင်ငံသားရဲ့ ဒီအန်အေ နဲ့ မြန်မာဘက်ခြမ်း က သက်ဆိုင်ရာဆွေမျိုးတို့ရဲ့ ဒီအန်အေကို ယူဆောင်ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနထိ အဆင့်ဆင့် တင်ပြရဦးမယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024