အီဗရာဟီမိုဗစ်ကို ပြင်းထန်စွာ အရေးယူမည်ဟုမထင်ကြောင်း နည်းပြပြော

တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်အပေါ်မှာ ပြင်းထန်တဲ့ အရေးယူ အပြစ်ပေးတာတွေ ပြုလုပ်လိမ့်မယ်လို့ မထင်ကြောင်း ပီအက်စ်ဂျီနည်းပြ လော့ရန်ဘလန့်က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ဘော့လ်ဒိုးအသင်းကို ရှုံးခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်ကို ဒေါသတကြီး ဝေဖန် ပြစ်တင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ကွင်းလယ်ဒိုင်ကို ပြန်လည် တောင်းပန်ခဲ့ပါတယ်။ လောလောဆယ်မှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိမ်းသိမ်းရေး ကော်မရှင်က အရေးယူဖို့ စီစဉ်နေပါတယ်။ [caption id="attachment_86392" align="aligncenter" width="700"]ibra-1200 အီဗရာဟီမိုဗစ်[/caption] ပီအက်စ်ဂျီ နည်းပြကတော့ ဒီနှစ်ရာသီဟာ အီဗရာဟီမိုဗစ်အတွက် ခက်ခဲ့ပါတယ်။ ဒဏ်ရာ ပြသာနာနဲ့ ရင်ဆိုင်ခဲ့ရသလို ပွဲပယ် ပြစ်ဒဏ်တွေလည်း ကျခံခဲ့ရလို့ အခုချမယ့် ပြစ်ဒဏ်က မကြီးဖို့ မျှော်လင့်ထားကြောင်း ပြောဆိုထားပါတယ်။ ဆွီဒင်တိုက်စစ်မှူးဟာ ချဲလ်ဆီးနဲ့ ကစားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲမှာလည်း ကစားပုံ ကြမ်းတမ်းလို့ ဆိုပြီး အထုတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up