Home
မြန်မာသတင်း
မိုဘိုင်းဖုန်းများတွင် 3D သုံးဘက်မြင်ရုပ်ကြွစနစ် ပထမဆုံး ထည့်သွင်း
DVB
·
March 20, 2015
Mobile World Congress ပြပွဲမှာ ပြသခဲ့တဲ့ ရှေ့ပြေးပုံစံနဲ့ ဆိုရင် 3D အမြင်အာရုံ ထပ်ပိုးထောက်ကူ စနစ်ဟာ ရှေ့တလှမ်းတိုးလာပြီ ဖြစ်ပါတယ်။ Star Wars ဇာတ်ကားထဲမှာ အိုဘီဝမ်ကင်နိုဘီဆီကို ပေးပို့တဲ့ မင်းသမီးလယ်ယာရဲ့ သုံးဘက်မြင် ရုပ်ကြွမက်ဆေ့ခ်ျကို တုပထားတဲ့ ဒီနည်းပညာဟာ ဘယ်လို အယ်လ်စီဒီ ဖန်သားပြင်ပေါ်မှာ မဆို သုံးဘက်မြင်ရုပ်ကြွပုံဖော်စွမ်းရည်ကို ထောက်ပံပေးဖို့ ရည်ရွယ်ပါတယ်။ ဒီစနစ်မှာ ပုံရိပ် ၄၆ ခုကို ပေါင်းစပ်ပြီး သုံးဘက်မြင်ရုပ်ကြွ စွမ်းရည်ကို ဖော်ထုတ်ပေးတာမို့ 3D မျက်မှန်တွေ မပါဘဲ မြင်နိုင်ကြောင်း လယ်ယာလို့ အမည်ပေးထားတဲ့ ဒီကုမ္ပဏီရဲ့စီအီးအို ဒေးဗစ် ဖက်တယ်လ်က ဆိုပါတယ်။ "ဒါက မိုဘိုင်းဖုန်းတွေမှာ သုံးဘက်မြင်ရုပ်ကြွစနစ်ကို ပထမဆုံး ထည့်ပေးလိုက်တာပါ။ ဒါကြောင့် ဒီစနစ်က ပုံရိပ်ပေါင်း ၆၄ ခုကို လားရာပေါင်းစုံကနေ ထိုးပြီး ဖော်ပေးနိုင်ပါတယ်။ ဒီတော့ ညာဘက် မျက်လုံးနဲ့ ဘယ်ဘက်မျက်လုံးက ကွဲပြားတဲ့ပုံရိပ် ၂ ခုကို ပေါင်းလိုက်တဲ့အခါ သုံးဘက်မြင်ရုပ်ကြွ တခုအဖြစ် မြင်ရတာပေါ့။ ဒါတင်မကသေးပါဘူး။ ရုပ်ဖော်စနစ်တ၀ိုက်မှာ ကိုယ့်ခေါင်းရွေ့လျားလိုက်တာနဲ့ ပုံရိပ်ကလည်း လိုက်ပြီး တိမ်းယိမ်း ငဲ့စောင်းပေးနေမှာပါ။ ဒီလိုလုပ်လိုက်တိုင်း ကိုယ့်မျက်လုံးကနေ ကွဲပြားတဲ့ ပုံရိပ်အစုံလိုက်ကို မြင်လာရမှာပါ။ ကြည့်သူ နေရာပြောင်းတိုင်း ပုံရိပ်ရဲ့ အသွင်တွေလည်း ပြောင်းသွားမှာပါ။ ဒီပုံရိပ်ပတ်ပတ်လှည့်ကြည့်ရှုသလိုမျိုး ဖြစ်သွားပါလိမ့်မယ်။" ဖက်တယ်လ်နဲ့အဖွဲ့ဟာ လက်ရှိသုံးနေတဲ့ အယ်လ်စီဒီဖန်သားပြင်တွေမှာ 3D ရုပ်ကြွဖော်ရာမှာ သုံးနိုင်မယ့် အစိတ်အပိုင်းတစ်ခုကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ "ကျနော်တို့ပြောင်းပေးရမှာက နောက်ခံမီးလို့ ခေါ်တဲ့ အဓိကအစိတ်အပိုင်းတခုပါ။ ဒီပစ္စည်းမှာ နာနိုနည်းပညာကို စပြီး သုံးပါမယ်။ ဒီပစ္စည်းကနေ အရပ်မျက်နှာပေါင်းစုံကို ဖြန့်ကျက်မယ့် ခွဲဖြာအလင်းတွေအစား လေဟာနယ်ထဲကို အလင်းတန်းတွေထုတ်လွှတ်ပါမယ်။ ရလဒ်အနေနဲ့ ပေါ်လိုတဲ့နေရာမှာ ပုံရိပ်တွေ ဖော်သွားနိုင်မှာ ဖြစ်ပါတယ်။" ဒီဖြစ်စဉ်ကို ကင်မရာ ၆၄ လုံးကို အတန်းလိုက်ထားပြီး သုံးဘက်မြင်ရုပ်ကြွကို စမ်းသပ်သရုပ်ပြနိုင်ပါတယ်။ ဒါက ဗွီဒီယိုချက်တင်အတွက်လည်း အလားအလာ ရှိပါတယ်။ နောက်နှစ်မှာတော့ လယ်ယာကုမ္ပဏီက ရောင်စုံသုံးဘက်မြင်ပုံရိပ်နဲ့ ဗွီဒီယိုတွေ ထုတ်ပေးနိုင်တဲ့ အသေးစားရုပ်မြင်မော်ဂျူးတခုကို ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ခုလို အစောပိုင်းအသွင်ပြောင်းပစ္စည်းတွေနဲ့ အက်ပလီကေးရှင်းအသစ်တွေ အမယ်သစ်တွေကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပြည်စုံတဲ့ပစ္စည်း မဟုတ်သေးပေမယ့် ဒီနည်းပညာသာ ဆက်ပြီး တိုးတက်လာခဲ့ရင် Star Wars စတိုင် 3D ရုပ်ကြွတွေရဲ့ အနာဂတ်ဟာ မဝေးတော့ဘူးဆိုရမှာပဲ ဖြစ်ပါတော့တယ်။ [gallery ids="86338,86339,86340,86341"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024