Home
မြန်မာသတင်း
ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် မြန်မာနိုင်ငံ ဆိုက်ရောက် (ရုပ်သံ)
DVB
·
March 20, 2015
ဆိုလာ အင်းပတ်စ်၂လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ဟာ တံတားဦး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  မတ်လ ၁၉ ရက် ည ၈ နာရီ လောက်က ရောက်ရှိ လာပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်နဲ့ ပထမဆုံးကမ္ဘာ တပတ်ခရီးစဉ်ကို အခုလ ၉  ရက်နေ့ က ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တော်ကနေ စတင်ခဲ့တာမှာ အိန္ဒိယနိုင်ငံ  ဗာရာဏသီ လေဆိပ်က တဆင့် မြန်မာနိုင်ငံကိုရောက်ရှိလာတာပါ။ လေယာဉ်ခရီးစဉ် အစအဆုံး မိုင် ၂၂၀၀၀ ကို ဆွစ်ဇာလန်နိုင်ငံသား စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ ဘာထရန် ပီကပ်နဲ့ အွန်ဒရီ ဘော့ရှ်ဘတ်တို့က တလှည့်စီမောင်းနှင်လာခဲ့ကြတာဖြစ်ပါတယ်။ တနာရီမိုင် ၃၀ ကနေ မိုင် ၆၀ အကြား ပျံသန်းချိန်အားလုံး ၂၅ ရက်ပဲ ကြာမြင့်မယ့်ခရီးစဉ်ကို အချိန် ၅ လကြာ ကမ္ဘာ့မြို့တွေမှာ ရပ်နားပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲမှုကို လူထုကို အသိပေးနှိုးဆော်ဖို့ စီစဉ်ထား ပါတယ်။ ကားတစီးသာသာအလေးချိန်ရှိတဲ့ ၂၃၀၀ ကီလို လေယာဉ်ရဲ့တောင်ပံအကျယ်ကတော့ ဘိုးရင်း ၇၄၇ ဂျက်လေယာဉ်အတောင်ပံထက်တောင် ပိုကျယ်ပြန့်ပါတယ်။ လေယာဉ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လည်းလုပ်ဖို့ ရှိပါတယ်။ လေယာဉ်ဟာ မြန်မာနိုင်ငံပြီးရင်  တရုတ်နိုင်ငံကနေ တဆင့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုက တဆင့် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဥရောပတောင်ပိုင်း ကနေ အဘူဒါဘီမြို့တော်ကို ပြန်ဆိုက်မှာ ဖြစ်ပါတယ်။ [gallery ids="86330,86331,86332,86333"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024