၂၀၂၂ခုနှစ် ကမ္ဘာဖလားဗိုလ်လုပွဲ ဒီဇင်ဘာမှာ ကျင်းပမည်

၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာလ ၁၈ ရက်မှာ ကျင်းပဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အတည်ပြု လိုက်ပါတယ်။ ဒီရက်မှာ ကျင်းပဖို့  ဖီဖာရဲ့အမှုဆောင်ကော်မတီက သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ဖီဖာရဲ့ ဆက်သွယ်ရေး ဒါရိုက်တာက ဝေါ်တာ ဒီ ဂရီဂိုရီက မတ် ၁၉ မှာ ပြောဆိုသွားပါတယ်။ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင် ဘာလမှာ စတင်မှာ ဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီဇင်ဘာလဟာ ပရီးမီးယားလိဂ်ကလပ်အတွက်တော့ Boxing Day လို့ ခေါ်တဲ့ ပွဲကြပ်ရက် ကာလနဲ့ နီးစပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အစဉ်အလာအရ ဇွန်နဲ့ ဇူလိုင်လတွေမှာ ကျင်းပေလေ့ ရှိပေမယ့် အဲဒီအချိန်ဟာ ကာတာနိုင်ငံမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီရက်လောက်အထိ ရှိနေပါတယ်။ ဒါ့အပြင် ဖီဖာက ကာတာပြိုင်ပွဲကို ၂၈ ရက်အတွင်း  အပြီးကျင်းပမယ်လို့ ပြောဆိုထားပါတယ်။ [gallery ids="82960,82963,82961,83160"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up