မူးယစ်မှုဖြင့် သေဒဏ်ကျ ၁၀ ဦးကို စီရင်ရန် အင်ဒိုနီးရှား ရွှေ့ဆိုင်း

မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့သူ ၁၀ ဦးကို စီရင်ဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှား ဒုသမ္မတက မတ် ၁၈ ရက်က ပြောပါတယ်။ တချို့က ဥပဒေအရ အယူခံဝင်ထားတဲ့အတွက် ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသလို အစိုးရအနေနဲ့ သတိထားရမယ်လို့ ဒုသမ္မတ ဂျူဆပ် ကာလာကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။ သြစတြေးလျနိုင်ငံသားတွေရဲ့ အယူခံကို ဂျာကာတာ တရားရုံးက မတ် ၁၉ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။ အစောပိုင်းက စီရင်မှုတွေ လုပ်ဆောင်တော့မလို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ သေဒဏ် အပြစ်ပေးထားတဲ့သူ ၁၀ ဦးထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး၊ နိုက်ဂျီးရီးယား ၃ ဦး၊ သြစတြေးလျ ၂ ဦး၊ ဘရာဇီးလ်၊ ပြင်သစ် ဂါနာနဲ့ ဖိလစ်ပိုင် အမျိုးသမီး တဦးတို့ ဖြစ်ပါတယ်။ ၉ ဦးလုံးကို သေဒဏ်တွေ စီရင်တဲ့ ကျွန်းပေါ်က အကျဉ်းထောင်ကို ပို့ဆောင်ထားသလို သေနတ်နဲ့ ပစ်စီရင်ဖို့လည်း နောက်ဆုံး ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ ၄ ဦးက ပြန်လည်သုံးသပ်ဖို့ တရားရုံးကို လျှောက်ထားသလို ၂ ဦးကတော့ သမ္မတရဲ့ သက်ညာခွင့်ကို ပယ်ချမှုကို ထပ်မံလျောက်ထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကို သေဒဏ်ပေးတဲ့ အတွက် သြစတြေးလျ၊ ဘရာဇီလ်းတို့နဲ့ အင်ဒိုနီးရှား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up