Home
မြန်မာသတင်း
မန္တလေးပဋိပက္ခဖြစ်အောင် လိမ်လည်တိုင်တန်းခဲ့သူများကို ထောင်ဒဏ်၂၁ နှစ်စီ ချမှတ်
DVB
·
March 19, 2015
မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အထိ လိမ်လည်တိုင်တန်းခဲ့သူနဲ့ ပူးပေါင်းကြံစည်သူ ၅ ဦးကို  ပျဉ်းမနားမြို့နယ် တရားရုံးက မတ်လ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၂၁ နှစ်စီချမှတ်လိုက်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပြစ်ဒဏ်စီရင်ခံရသူတွေကတော့ ဟာဂျီထွန်းထွန်း၊ ရဲထွဋ်၊ ဖြူဖြူမင်း(ကတုံးမ)၊ ဒေါ်နုနုမြတ်နဲ့ ဒေါ်မာမာနီတို့ဖြစ်ပြီး အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (င) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်စီ၊ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည)အရ  အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်စီ  တပေါင်းတည်းကျခံရန် အမိန့်ချခဲ့ပြီး အရေးပေါ်စီမံမှုအက်ဥပဒေ ၅ (ဃ) အရ အလုပ်နှင့်ထောင်ဒဏ်  ၇နှစ်စီနဲ့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၁/၃၄ အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်  အားလုံးပေါင်း ၂၁ နှစ်စီချမှတ်ခဲ့တာပါ။ [caption id="attachment_86207" align="alignright" width="300"]ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့ ရုံးထုတ်စဉ်က ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့ ရုံးထုတ်စဉ်က[/caption] မတရားပြုကျင့်ခဲ့ကြောင်း လိမ်လည်တိုင်တန်းရာမှ  ၂၀၁၄ ဇူလိုင်လ က မန္တလေးမြို့မှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၂ ဦးသေဆုံးပြီး တစ်ဒါဇင်လောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ မန္တလးမြို့ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ ကိုထွန်းထွန်းနဲ့ ပတ်သက်လို့ တရားခံအဖြစ် စွပ်စွဲခံထားရသူ ၁၁ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မန္တလေးခရိုင် တရားရုံးက ထောင်ဒဏ် ၁၀နှစ်မှ ၁၆နှစ်ထိ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024