Home
Lead Story
လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်နိုင်မည့် တော်လှန်ရေးရေယာဉ်
DVB
·
March 18, 2015
တီထွင်သူတွေကတော့ ဒီကွာဒရိုဖွိုင်းလ်ယာဉ်ကို တော်လှန်ရေးရေယာဉ်လို့ ခေါ်ကြပါတယ်။ လျှပ်စစ် ဓာတ်အားနဲ့ ပြေးတဲ့ ဒီယာဉ်မှာ ရေပြင်ထက်ကြွတက်နိုင်တဲ့ ဖော့ဂုဏ်ကို သုံးထားပြီး ရှေ့ကိုရွေ့လျားနေချိန်မှာ တောင်ပံ ၄ လက်ပါ ရှပ်ပြေးယာဉ်လို ရေပေါ်ရှပ်ပြီး ပျံသန်းနိုင်ပါတယ်။ ဆန်းသစ်တဲ့ဒီဇိုင်းကြောင့် ပွတ်မှု အားလျော့ကျသွားပြီး မြန်နှုန်းမြင့်တာမို့ စွမ်းအင်အကုန်အကျ သက်သာပါတယ်။ ဆလိုဗေးနီးယားနိုင်ငံလုပ် ဒီ ၂ ယောက်စီး ယာဉ်ဟာ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိသလို ဆူညံမှုလည်း ကင်းပါတယ်။ တခြား ရှပ်ပြေးယာဉ်တွေ သွားလို့မရတဲ့ ကန်တွေ၊ မြစ်တွေနဲ့ ပင်လယ်တွေကို ဖြတ်သန်းသွာလာ နိုင်ပါတယ်။ တခါ အားသွင်းထားရင် ကီလိုမီတာ ၁၀၀ သွားနိုင်ပြီး မြန်နှုန်းက ၁ နာရီ ၄၀ ကီလိုမီတာ နှုန်းရှိပါတယ်။ ကွာဒရိုဖွိုင်းလ်ယာဉ်ကုမ္ပဏီ စီအီးအို မာဂျန်ရော့ဇ်မန်ကတော့ ဆန်းသစ်တဲ့ ထိန်းချုပ်စနစ်ကြောင့် သူ့ရဲ့ရေပေါ်ပြိုင်ကားကိုစီးနင်းရတာ တကယ့်ကို ရင်ဖိုစရာပဲလို့ ဆိုပါတယ်။ "မူပိုင်ခွင့်တင်ထားတဲ့ ပဲ့ထိန်းစနစ်ကြောင့် ဒီရေယာဉ်ကို မောင်းနှင်ရတာ ထူးခြားသလောက် ဟန်းချက် ထိန်း ဘီးတပ်ယာဉ်ကို စီးရသလိုပါပဲ။ ရေပြေးယာဉ် ရေပြင်ကကြွလာတာနဲ့ စီးရတဲ့ခရီးသည်အဖို့ လေယာဉ်စီးရသလို အရသာ ရှိပါတယ်။ ၁ နာရီ ကီလိုမီတာ ၄၀ အရှိန်နဲ့ အချင်းဝက် ၇ မီတာ စက်ဝန်းအတိုင်း ခေါက်ကွေ့နိုင်တဲ့အတွက် ရှပ်ပြေးယာဉ်လောကမှာ ထူးကဲတဲ့စွမ်းရည်လို့ ဆိုရမှာပါ။ ပတ်သွားတာ ခေါက်သွားတာ မရှိဘဲ အတိအကျ ကွေ့နိုင်ပါတယ်။" ဒီကွာဒရိုဖွိုင်းလ်ယာဉ်ကို နောက်လကစပြီး ဒေါ်လာ ၁၇၀၀၀ နှုန်းနဲ့ ဈေးကွက်မှာ ဖြန့်ချိတော့မှာပါ။ ယာဉ်ကို တည်ငြိမ်အောင် အလိုအလျောက် ဟန်ချက်ထိန်းစနစ်တွေ ပါဝင်ပြီး ယာဉ်ရဲ့ဝမ်းလှိုင်အပေါ်ခန်းမှာ လေလုံခန်းစနစ် ဖြစ်တဲ့အတွက် လုံးဝမနစ်မြုပ်နိုင်ပါဘူးလို့ တီထွင်သူတွေက ဆိုပါတယ်။ ဒါကြောင့် ကွာဒရိုဖွိုင်းလ်ကို စီနင်းရသူအဖို့ အသဲတလှပ်လှပ် ရင်တဖိုဖို အရသာကို ခံစားရမှာပါ။ [gallery ids="86102,86103,86104,86105,86106"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024