အစ္စရေး ၀န်ကြီးချုပ် နာတန်ယာဟု ပါတီ ရွေးကောက်ပွဲနိုင်

900
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟုရဲ့ လီကွတ်ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပြီလို့ အစ္စရေး သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။
အစောပိုင်းသတင်းတွေအရ လီကွတ်ပါတီဟာ လက်ဝဲယိမ်း ဇီယွန်ဝါဒ ပေါင်းစည်းရေးပါတီနဲ့ အကြိတ် အနယ် ယှဉ်ပြိုင်နေရတယ်လို့ ဆိုပါတယ်။
မဲအတော်များများ ရေတွက်ပြီးသွားချိန်မှာတော့ လီကွတ်ပါတီက ပါလီမန်မှာ ၂၉ နေရာရရှိသလို ဇီယွန်ပါတီက ၂၄ နေရာ အနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။
ဒီအတွက် နာတန်ယာဟု ခေါင်းဆောင်တဲ့ လက်ယာယိမ်း မဟာမိတ်အဖွဲ့က အစိုးရသစ်ကို ဖွဲ့စည်းရမှာ ဖြစ်ပြီး ၄ ကြိမ်ဆက်တိုက် အစိုးရတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။
ကနဦးက အစိုးရသစ်ဖွဲ့ဖို့ အတွက် တခြားပါတီခေါင်းဆောင်တွေနဲ့စကားပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ နာတန်ယာဟုက ပြောဆိုခဲ့ပါတယ်။
နာတန်ယာဟုဟာ ၁၉၉၀ နောက်ပိုင်းမှာ ၃ နှစ်ကြာ ၀န်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခဲ့သလို ၂၀၀၉ ခုနှစ်မှာ ပြန်အရွေးချယ်ခံခဲ့ရပါတယ်။
မတ် ၁၇ ရက်က အစ္စရေးနိုင်ငံတ၀န်းမှာ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူတွေက မဲပေးခဲ့ကြပါတယ်။