မန်ယူနှင့် ချဲလ်ဆီးတို့ စိတ်ဝင်စားနေသည့် ပေါ့ဘာ

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ဖန်တီးရှင် ပေါ့ဘာကို ခေါ်ယူဖို့ မန်ယူနဲ့ ချဲလ်ဆီးက စိတ်ဝင်စားနေတယ်လို့ အီတလီ စီးရီအေဂျုဗင်တပ်အသင်းက ၀န်ခံလိုက်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးက ပေါ့ဘာကို ပေါင်သန်း ၅၀နဲ့ ၅၅ သန်း အကြားမှာ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန် အခြေစိုက် Daily Express သတင်းမှာ ဖော်ပြထား ပါတယ်။ ဂျုဗီရဲ့ အားကစား ညွှန်ကြားရေးမှူးကတော့ ကွင်းလယ်သမားကို အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။ ပြင်သစ် လက်ရွေးစင် ကွင်းလယ်သမားဟာ ဂျုဗီမှာ ခြေစွမ်းပြနေတဲ့အတွက် ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ဥရောပထိပ်တန်း အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ၂၀၁၂ မှာ မန်ယူမှာ ပုံမှန် ကစားခွင့် မရတဲ့အတွက် အသက် ၂၂ နှစ် ပေါ့ဘာဟာ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့ ခဲ့တာပါ။ စီးရီးအေကလပ် ဂျုဗင်တပ်အသင်းဟာ စီးရီးအေမှာ ခြေစွမ်းပြ နေသလို အမှတ်ပေးဇယားထိပ်မှာ ၆၄ မှတ်နဲ့ ဦးဆောင်နေပြီး လက်ရှိ ချန်ပီယံ သရဖူကို ကာကွယ်နိုင်ဖို့  နီးစပ်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up