ကင်းထောက်လုပ်ငန်းနှင့် ပစ်မှတ်ငယ်များကို ပစ်ခတ်ချေမှုန်းနိုင်မည့် အသေးစားဒရုန်းယာဉ်များ ပြသ

တကယ့်စစ်ဆင်ရေးကို တုပထားတဲ့ပြကွက်တစ်ခုမှာ ပိုလန်ကုမ္ပဏီ ၂ ခုက ကင်းထောက်လုပ်ငန်းနဲ့ ပစ်မှတ်ငယ်တွေကို ပစ်ခတ်ချေမှုန်းနိုင်စွမ်း ရှိတဲ့ အသေးစားဒရုန်းယာဉ်တွေကို ပြသခဲ့ပါတယ်။ ဒဗလျူလျှပ်စစ်ကုမ္ပဏီနဲ့ အော့ပ်တီမမ်ကုမ္ပဏီကတော့ ပျားလို့ခေါ်တဲ့ သူတို့ရဲ့ဒရုန်းယာဉ်ကို ခြေလျင်တပ်တွေကို ထောက်ကူမယ့် စစ်သုံးယာဉ်တွေနဲ့ တွဲဖက်နိုင်စစ်ဆင်အောင် ဖန်တီးထားတယ် လို့ဆိုပါတယ်။ "အထဲမှာ ကင်မရာ ၂ လုံး ထည့်သွင်းတပ်ဆင်ထားတာကြောင့် ကမ္ဘာမှာ သူ့လောက်သေးတဲ့ လေယာဉ်ခေါင်းပိုင်းရယ်လို့ မရှိဘူး။ ၀န်ရိုးနှစ်ဘက်သွား ဂျိုင်ရိုစကုပ်နဲ့ လျှပ်စစ်သံလိုက်နည်းအရ တည်ငြိမ်အောင် ထိန်းနိုင်တယ်။" ဒီဒရုန်းတွေကို တက်ဘလက်အရွယ်အစား ကြားခံဆက်သွယ်စနစ်နဲ့ထိန်းချုပ်ပြီး ၁.၄ မိုင် ထိဖြန့်ကျက် ပျံသန်းနိုင်ပါတယ်။ နာရီဝက်ထိ ပျံသန်းနိုင်ပါတယ်။ ယာဉ်ပေါ်တပ်ဆင်ထားတဲ့စနစ်နဲ့ လူနေထူထပ်တဲ့ မြို့ပြ၀န်းကျင်မှာ ပျံသန်းနိုင်ပြီး ကိုင်ပိုင်ကွန်ရက်နဲ့ ဆက်သွယ်နိုင်ပါတယ်။ "လူနေထူထပ်တဲ့မြို့ပြမှာ အဆင်ပြေပေမယ့် တိုက်ပွဲမြေပြင်အခြေအနေအတွက် ဒီဆက်သွယ်ရေး စနစ်ကို ထည့်စဉ်းစားရပါမယ်။ ပြောရရင် ကြိုးမဲ့ဆက်သွယ်မှုကွန်ယက်တွေ မိုဘိုင်းဖုန်းဆက်သွယ်မှုတွေ ပြတ်တောက်သွားတဲ့ တိုက်ပွဲမြေပြင်အတွက်ဆိုရင်တော့ ဆက်သွယ်ရေးကွန်ရက်ကို ပံ့ပိုးပေးဖို့ လိုပါတယ်။" ရှေ့ပြေးအဆင့်ပဲ ရှိသေးတဲ့ Warmate ဆိုတဲ့ ဒရုန်းယာဉ်ကတော့ ပဲ့ထိန်းဒုံးလို အလုပ်လုပ်ပါတယ်။ ပစ်မှတ်ရဲ့ ပကတိအချိန်နဲ့ တပြေးညီရရှိတဲ့ ဗီဒီယိုဖိုင်တွေကို ပေးပို့နိုင်ပါတယ်။ ပိုလန်တပ်မတော်က ဒီကုမ္ပဏီတွေရဲ့ အဆိုပြုချက်ကို လက်ခံပြီဆိုတာနဲ့ "ပျား"ဒရုန်းယာဉ်ဟာ တိုင်းပြည်ကာကွယ်ရေးစနစ် ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာတော့မှာပါ။ [gallery ids="85987,85988,85989,85990,85991,85992"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up