ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီချမှတ်
DVB
·
March 17, 2015
ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်ဆင်ထားတဲ့ ပုံစံဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာခဲ့တဲ့ V Grastro.bar ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာ ဦးထွဋ်ကိုကိုလွင်နဲ့ နယူးဇီလန်နိုင်ငံသား Mr.Philip၊ တို့ကို ဗဟန်းတရားရုံးက ဒီကနေ့ အလုပ်ကြမ်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်ပါတယ်။
ဘာသာသာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၈၈ နဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓပုံတော်ကို မလျော်မကန်သုံးပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ ၃ ဦးကို ဒီဇင်ဘာလ ၁၀ ရက်က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
[gallery ids="85972,85974,85975,85977"]