Home
မြန်မာသတင်း
မှုခင်းဆေးပညာ 3D ဆော့ဝဲ ဆွစ်ဇလန် ဇူးရစ်တက္ကသိုလ်ပညာရှင်အဖွဲ့ တီထွင်ပြသ
DVB
·
March 17, 2015
ဆွစ်ဇာလန်က ရာဇ၀တ်အမှုအခင်းတွေကို 3D စကန်ဖတ်ထားတာတွေကို ပြသလိုက်ပါတယ်။ Oculus Rift (အော့ကျူးလက်စ်ရစ်ဖ်ထ်) ခေါင်းဆောင်းနဲ့ အမြင်အာရုံခံကိရိယာကြောင့် သုံးစွဲသူတွေအဖို့ ပစ်ခတ်နေကြတဲ့ အခင်းဖြစ်ပွားရာအတွင်းပိုင်းကို ဘယ်ရှုထောင့်ကမဆို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပုံတူဖန်တီးဆော့ဖ်ဝဲဖြစ်တဲ့ 3D စကန်နာနဲ့ ယူနတီ ဂိမ်းဆော့ဖ်ဝဲတွေကိုလည်း ဒီကိရိယာထဲမှာ ထည့်သွင်းပေးထားပါတယ်။ အထူးခြားဆုံးကတော့ ဇူးရစ်တက္ကသိုလ်ပညာရှင်အဖွဲ့က တီထွင်လိုက်တဲ့ မှုခင်းဆေးပညာ ဟိုလိုဒက်ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။ ဟိုလိုဒက်ဆော့ဖ်ဝဲဟာ သိပ်ကိုထူးခြားတယ်လို့ အဖွဲ့ဝင် စတက်ဖင်ရော့စ်က ဆိုပါတယ်။ "မှုခင်းဆေးပညာအရ 3D စကန်ဖတ်ထားတဲ့ပုံရိပ်တွေကို ခုလိုပြန်ကြည့်နိုင်တဲ့စနစ်က ကမ္ဘာမှာ ဒါ ပထမဆုံးပဲ။ ဒါမျိုး အရင်က ဘယ်သူမှမလုပ်ဖူးဘူး။" အမြင်အာရုံထပ်ပိုးထောက်ကူစနစ်က ခုလိုတုပထားတဲ့ အခင်းဖြစ်နေရာတွေထဲမှာ တရားသူကြီးတွေ၊ ရဲ့အရာရှိတွေ၊ ရှေ့နေတွေနဲ့ ဂျူရီစတဲ့ပုံရိပ်တွေကို ထပ်ဖြည့်ပေးနိုင်ပါတယ်။ စီစီတီဗွီကနေ ပြန်လည် ဖန်တီးထားတာမို့ တရားလိုဘက်ရှေ့နေတွေအနေနဲ့ ထောင် ၁၁ နှစ်ကျသွားတဲ့ ဒီသေနတ်သမားရဲ့ အကြံကို သက်သေပြရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ "တကယ့်ရလဒ်အနေနဲ့ကတော့ ကျည်သွားလမ်းကြောင်းတွေကို ပြန်လည်ပုံဖော်နိုင်တာပဲ ဖြစ်ပါတယ်။ အခန်းတခုတည်းမှာ လူတွေကို ထည့်ထားလိုက်တဲ့အခါကျတော့ နှစ်ဘက်မြင်စနစ်ထက်ပိုပြီး ကျည်လမ်းကြောင်း တွေကို ကောင်းကောင်းမြင်လာရတယ်။" မှုခင်းဆေးပညာဌာနက ပညာရှင်အဖွဲ့ဟာ အသားစနမူနာစစ်ဆေးပုံကို တုပထားတဲ့ ဗာတိုဘော့ ဆော့ဖ်ဝဲကိုလည်း တီထွင်ခဲ့ပါတယ်။ "ကျနော်တို့က အရေပြားကို ဒဏ်ရာအရောင်တိုင်းစနစ်နဲ့ ဖတ်နိုင်ပါတယ်။ အတိအကျဖတ်ပြီးတာနဲ့ သိမ်းထားလိုက်ပါတယ်။ ပြီးတော့ ကျနော်တို့နဲ့ ရဲတွေ အတူတူ စကန်ဖတ်ထားတဲ့ 3D အချက်အလက်တွေနဲ့ တိုက်ဆိုင်ကြည့်ပါတယ်။ အဲ့အခါမှာတော့ ယာဉ်မတော်တဆမှုတွေ ဒါမှမဟုတ် လူသတ်မှုတွေနဲ့ ပတ်သက်တဲ့ 3D ပုံရိပ်တွေကို ပြန်လည်တည်ဆောက်နိုင်မယ် အခြေခံ အချက်အလက်တွေ ရလာပါတယ်။" ဒါပေမယ့် အားလုံးထဲမှာ ဟိုလိုဒက် ဆော့ဖ်ဝဲကို လူကြိုက်အများဆုံးပါပဲ။ ဂိမ်းကစားတာ၊ ဒီဇိုင်းဆွဲတာနဲ့ မှုခင်းတွေကို ဖြေရှင်းရာမှာ အသုံးချနိုင်တဲ့အခြေနေတွေရှိနေလို့ပဲ ဖြစ်ပါတယ်။ [gallery ids="85962,85963,85964,85965,85966"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024