ကိုယ်အလေးချိန်လျှော့ရင် ရွှေတွေရမည့် ဒူဘိုင်းမြို့က အစီအစဉ် (ရုပ်သံ)

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ရဲ့ စည်ပင်သာယာအဖွဲ့က စီစဉ်တဲ့ “ကိုယ်အလေးချိန် လျှော့ချရင်း ရွှေတွေ ရယူစို့”ဆိုတဲ့ အစီအစဉ်အတွင်း ပါဝင်သူတွေ မတ်လ ၁၅ ရက်နေ့ ညနေက ဆုတွေ ရခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ၂၀၁၃ ခုနှစ်က စတင်ပြီး အကြီးအကျယ် လူကြိုက်များခဲ့တာပါ။ ယူအေအီး ဒေသခံတွေအတွက် ကျင်းပတာဖြစ်ပြီး ကလေးတွေကို ပစ်မှတ်ထား လှုပ်ရှားပါတယ်။ ဒေသခံ အာဏာပိုင်တွေက လှုပ်ရှားမှုမှာ ပါဝင်သူတွေ သူတို့ကိုယ်အလေးချိန် တကီလိုကျတိုင်း ရွှေ ၁ ဂရမ်ပေးပြီး အနည်းဆုံး ၂ ကီလို ကိုယ်အလေးချိန် ချရမှာပါ။ ရွှေ ၁ ဂရမ်ဟာ ၃၈ ဒေါ်လာ လတ်တလော တန်ကြေးရှိပါတယ်။ ကျန်ခဲ့တဲ့ ဇူလိုင်က လူအများအပြား ဒီအစီအစဉ်အတွက် စာရင်းပေးခဲ့တာပါ။ အသက် ၁၃ နှစ်အောက် ကလေး ၂ ယောက်ရှိတဲ့ မိသားစု အနေနဲ့ အုပ်စုအဖြစ် စာရင်းသွင်းဖို့ ခွင့်ပြုထားပါတယ်။ ဒူဘိုင်းစည်ပင်ညွှန်ချုပ်က ကလေးတွေ ပိုဝလာတာတွေ့ရလို့ ကလေးတွေ ကိုယ်အလေးချိန် ချနိုင်ရင် ရွှေတွေ ဆုချတဲ့ အစီအစဉ်မှာ ကလေးတွေကို ပါခိုင်းခဲ့တာလို့ ပြောပါတယ်။ ဒီနှစ်အတွက် အကြီးဆုံးဆုရှင်က အိန္ဒိယအမျိုးသမီးဖြစ်ပြီး ၂ လအတွင်း ကိုယ်အလေးချိန် ၂၁ ကီလို ကျခဲ့သူပါ။ ကံစမ်းမဲ နှိုက်ရာမှာတော့ ကလေးငယ် အူစမာနဲ့ မိသားစုက ၁၅၀ ဂရမ်ရှိတဲ့ ရွှေပြားကို ဆုရခဲ့ပါတယ်။ သူကတော့ လေးကီလိုကိုယ်အလေးချိန် ကျခဲ့တယ်လို့ဆိုပါတယ်။ ဒူဘိုင်းမှာ လတ်တလောနှစ်တွေအတွင်း အဝလွန်တဲ့ ပြဿ နာတွေကို ရင်ဆိုင်ရတဲ့ ကလေးတွေ ပိုများလာတာကို အာဏာပိုင်တွေက သတိထားမိခဲ့ပါတယ်။ ကလေးတွေ အဝလွန်စေတဲ့ အချက်အလက် အမျိုးမျိုးထဲမှာ အမြန်ပြင်ဆင် စားသောက်နိုင်တဲ့ စားစရာတွေ အချိုတွေ စားတာနဲ့ လေ့ကျင့်ခန်း မလုပ်တာတွေ ပါပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up