ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ၂၀၁၅ ရွေးကောက်ပွဲကို အကျိုးသက်ရောက်မှု ရှိနိုင်မလား…

"သူတို့အမြင် သူတို့စကား" လက်ရှိကာလမှာ ကျောင်းသားတွေနဲ့ အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး ဒီလိုဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒေါက်တာရန်မျိုးသိမ်း “ငြိမ်းချမ်းဆန္ဒထုတ်ဖော်မှုတွေဟာ လာမယ့်ရွေးကောက်ပွဲအပေါ် ပုံမှန်အားဖြင့် ထိခိုက်စရာ အကြောင်း မရှိဘူးလို့ မြင်တယ်။” ဦးကျော် (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) “အနည်းနဲ့အများတော့ထိခိုက်မှုရှိနိုင်တယ်။” ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) “အစိုးရအနေနဲ့ ၂၀၁၅ရွေးကောက်ပွဲကိုတော့ ထိခိုက်ခံမှာ မဟုတ်ဘူး။” ဦးသုဝေ (ဥက္ကဋ္ဌ ဒီမိုကရက်တစ်ပါတီ-မြန်မာ) “နိုင်ငံတကာမှာလည်း ရွေးကောက်ပွဲနီးလာရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်တတ်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up