အိုင်အက်စ်အဖွဲ့ စစ်ပွဲများကြောင့် ဆက်ဒမ်ဟူစိန်အုတ်ဂူ ပျက်စီး

အီရတ်နိုင်ငံ တီကရစ်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အီရတ် တပ်ဖွဲ့တွေနဲ့ အစ္စလာမ္မစ်(အိုင်အက်စ်) အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အီရတ်နိုင်ငံခေါင်းဆောင် ဟောင်း ဆက်ဒမ်ဟူစိန်ရဲ့ အုတ်ဂူ ပျက်စီးသွားပါတယ်။ မတ် ၁၆ ရက်မှာ တီကရစ်ကို ၄၈ နာရီအတွင်း သိမ်းပိုက်မယ့် အီရတ်တပ်ဖွဲ့တွေနဲ့ အိုင်အက်စ်တို့ ဆက်ဒမ်ဟူစိန်ရဲ့ မွေးရပ်မြေ တောင်နဲ့မြောက်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ အေပီ သတင်းမှာ ရေးပါတယ်။ တီကရစ်တောင်ဘက် အူဂျာရွာမှာရှိတဲ့ ဆက်ဒမ်ရဲ့ အုပ်ဂူအမိုးတွေလှန်ပြီး ပျက်စီးသွားပါတယ်။ တီကရစ်မြိုကို အိုင်အက်စ်တွေက ဇွန်လကတည်းက ထိန်းချုပ်ခဲ့သလို အီရတ်ရဲ့ အကြီးဆုံးမြို့ မူဆို ကိုလည်း ထိန်းချုပ်ထားခဲ့ပါတယ်။ တကယ်တော့ အိုင်အက်စ်တပ်ဖွဲ့တွေကို ဆက်ဒမ်ကို သစ္စာခံတပ်ဖွဲ့တွေက ကူညီပေးခဲ့တာ လည်း ဖြစ်ပါတယ်။ သြဂုတ်လက အိုင်အက်စ်က ဆက်ဒမ်ဂူ ပျက်စီးသွားပြီလို့ ပြောဆိုခဲ့ပေမယ့် ဒေသခံ အာဏာပိုင်တွေက အနည်းငယ်ပဲ ပျက်စီးသွားတယ်လို့ ပြောပါတယ်။ အမေရိကန် တပ်ဖွဲ့တွေက ၂၀၀၃ ခုနှစ်မှာ ဆက်ဒမ်ဟူစိန်ကို ဖမ်းဆီးခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကြိုးပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က စတင်ပြီး သူ့အလောင်းကို မွေးရပ်မြေအူဂျာမှာ မြုပ်နှံခဲ့တာ ဖြစ်ပါတယ်။ ဆက်ဒမ်ကို သစ္စာခံတဲ့သူတွေက သူအလောင်းကို ဖော်ယူသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဘယ်မှာထားသလဲဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။ [gallery ids="85839,85840,85841"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up