ဖာဂူဆန်နယ်မြေတွင် ဆန္ဒပြမှုအတွင်း ရဲ ၂ ဦးကို သေနတ်ဖြင့် ပစ်သည့်လူငယ်ကို စွဲချက်တင်

အမေရိကန် ပြည်ထောင်စု မစ်ဇူရီ ပြည်နယ် ဖာဂူဆန် နယ်မြေမှာ အရင်တပတ်က ရဲနှစ်ယောက်ကို သေနတ်နဲ့ ပစ်တဲ့ အသက် ၂၀ အရွယ် အမျိုးသားကို တနင်္ဂနွေနေ့မှာ စွဲချက်တင်လိုက်ပါတယ်။ ဂျက်ဖရီ ၀ီလျှံ ဆိုတဲ့ အမျိုးသားက သေနတ်ပစ်ခဲ့တာကို ၀န်ခံထားပြီး လောလောဆယ် သိထားသလောက်ကတော့ ဆန္ဒပြပွဲအတွင်းက တခြားတယောက်ကို ရည်ရွယ်ပြီး ပစ်ရာက ရဲနှစ်ယောက်ကို ထိမှန်ခဲ့တာလို့ စိန့်လူဝစ် စီရင်စု အစိုးရရှေ့နေ က ပြောပါတယ်။ စိန့်လူဝစ် ဆင်ခြေဖုံးမှာ ကျန်ခဲ့တဲ့ နွေက လက်နက်မပါတဲ့ လူမည်း ဆယ်ကျော်သက် မိုက်ကယ်ဘရောင်းကို လူဖြူရဲတယောက်က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြပွဲတွေ အခုထိ ဆက်ဖြစ်နေတာပါ။ အရင်တပတ်က ရဲနှစ်ယောက်ကို သေနတ်နဲ့ပစ်ခဲ့တဲ့ ၀ီလျှံကတော့ ခိုးမှုနဲ့ စစ်ဆေးခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ပြီးနောက် ဗီဒီယိုမှတ်တမ်းတွေကတဆင့် သူ့ကို ဖမ်းဆီးနိုင်တာဖြစ်တယ်လို့ အစိုးရရှေ့နေ McCulloch က ပြောပါတယ်။ မတ်လ ၁၂ ရက်နေ့က အဲဒီ ပစ်ခတ်မှုကြောင့် ၄၁ နှစ်အရွယ် ရဲအရာရှိတယောက်က ပုခုံးမှာ ဒဏ်ရာရခဲ့ပြီး အသက် ၃၂ နှစ်အရွယ် နောက်တယောက်ကတော့ မျက်နှာမှာ ဒဏ်ရာရခဲ့ပါတယ်။ သူတို့ နှစ်ယောက်လုံး ဆေးရုံတက်ခဲ့ရပြီး အခုတော့ ဆေးရုံကနေ ပြန်ဆင်းသွားကြပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up