အိုလံပစ်ခြေစစ်ပွဲ ပထမဆင့် အိန္ဒိယကို မြန်မာ ဂိုးပြတ်နိုင်

1.7K
ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျေးနေးရိုမှာ ကျင်းပမယ့် အိုလံပစ်ခြေစစ်ပွဲ ပထမအဆင့်အဖြစ် မတ် ၁၅ ရက်က မြန်မာနဲ့ အိန္ဒိယအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် မြန်မာ အသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီအတွက် မြန်မာအသင်းဟာ ထိုင်း၊ ဗီယက်နမ် အသင်းတွေနဲ့ ဒုတိယအဆင့်မှာ ယှဉ်ပြိုင်ကစား ရတော့ မှာ ဖြစ်ပါတယ်။
ပထမအဆင့်ပွဲစဉ်တွေမှာ မြန်မာ အမျိုးသမီးအသင်းဟာ သီရိလင်္ကာ အမျိုးသမီး အသင်းကို ၁၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ ပထမအဆင့်အဖြစ် မြန်မာ၊ သီရိလင်္ကာနဲ့ အိန္ဒိယ အမျိုးသမီးအသင်းတွေ အုပ်စု တခုတည်း ကျရောက်ပြီး ပြိုင်ပွဲတွေကို မန္တလေး မန္တလာသိရီ ဘောလုံးကွင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။
[gallery ids="85798,85793,85794,85795,85796,85797"]