ချီလီ သမိုင်းဝင်ဆိပ်ကမ်းမြို့ တောမီး အရေးပေါ်အခြေအနေကြေညာ

ချီလီနိုင်ငံရဲ့ သမိုင်းဝင်ဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ ဗယ်ပိုင်ရိုင်ဆို (Valparaiso) မြို့အနီးမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းနေပြီး မြို့ကိုကူးစက်လာမယ့် အခြေအနေ ရှိနေတာကြောင့် မတ် ၁၄ ရက်နေ့က ဒေသခံတွေကို အရေးပေါ်နေရာပြောင်းရွှေ့ခဲ့ပါတယ်။ တောမီးဟာ မတ် ၁၃ ရက် နေ့လယ်ပိုင်းကတည်းက စတင်လောင်ကျွမ်းနေပြီး ဗယ်ပိုင်ရိုင်ဆို မြို့မှာ အရေးပေါ်အခြေအနေကြေညာထားတာပါ။ ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ဗယ်ပိုင်ရိုင်ဆို မြို့မှာပဲ တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး လူ ၁၅ ဦးသေဆုံးခဲ့တာပါ။ ချီလီပြည်ထဲရေးဝန်ကြီးက မြို့ခံ ၄၅၀၀ ကို ကယ်တင်ထားပြီး နောက်ထပ် ၁ သောင်းကိုလည်း အဆင်သင့်လုပ်ထားခိုင်းတယ်လို့ ပြောဆိုပါတယ်။ လူနေအိမ်တချို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ပေးမယ့် ပျက်စီးမှုအခြေအနေကတော့ မသိရသေးပါဘူး။ ချီလီနိုင်ငံမှာ အခုလို မတ်လနဲ့ ဧပြီလတွေမှာ နွေရာသီဖြစ်တာကြောင့် တောမီးတွေ လောင်ကျွမ်းတတ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ မနှစ်ကတောမီးမှာ လူ ၁၅ ဦး သေဆုံးခဲ့ရတာကတော့ နေရာပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ကြတာကြောင့်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ အခုနှစ်မှာတော့ မြို့ခံတွေက မီးသတ်သမားတွေကို ပူးပေါင်းကူညီနေကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ရိုက်တာ၊ အေအက်ဖ်ပီ [gallery ids="85726,85727,85728,85729,85730"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up