နျူကလီးယားလုံးဝကင်းစင်ရေး ထိုင်ဝမ်လူမှုအဖွဲ့များ ဆန္ဒပြ

ထိုင်ဝမ်မှာ နျူကလီးယားစွမ်းအင် ထုတ်လုပ်သုံးစွဲမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတခု မတ် ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ Untitled-5 copyထိုင်ဝမ်သမ္မတရုံးရှေ့မှာ ထိုင်ဝမ်လူမှုအဖွဲ့အစည်း ၃၅ ဖွဲ့က လူဦးရေ ၁၀၀ ကျော် စုဝေးခဲ့ကြပြီး အစိုးရရဲ့ လက်ရှိ နျူကလီးယားစွမ်းအင်မူဝါဒတွေအပေါ် စိုးရိမ်မှုကို ထုတ်ဖော်ပြသခဲ့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ ဖူကူရှီမား နျူးကလီးယားဓာတ်အားပေးရုံ ဓာတ်ရောင်ခြည် ယိုစိမ့်မှု ၄ နှစ်ပြည့်နှစ်ပတ်လည်နဲ့ တိုက်ဆိုင်ပြီး ဒီဆန္ဒပြပွဲကို ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ ထိုင်ဝမ်မှာ လောလောဆယ်လည်ပတ်နေတဲ့ နျူးကလီးယားဓာတ်အားပေးရုံ ၃ ခုနဲ့ ဓာတ်ပေါင်းဖို ၆ လုံးရှိပြီး ထိုင်ဝမ်လျှပ်စစ်လိုအပ်ချက်ရဲ့ ၁၈.၄ ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိလည်ပတ်နေတဲ့ ဓာတ်အားပေးရုံတွေကိုရော၊ နောက်ဆောက်လုပ်မယ့် စက်ရုံသစ်တွေပါ ပိတ်သိမ်းပြီး ၂၀၂၅ ခုနှစ်ကျရင် ထိုင်ဝမ်မှာ နျူးကလီးယား လုံးဝကင်းစင်ရေး ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အသက် ၃၄ နှစ်အရွယ် PHD ကျောင်းသားတဦးက ထိုင်ဝမ်မှာ နျူးကလီးယားဓာတ်အားပေးရုံ ၃ ရုံတောင် ရှိနေပြီဖြစ်တာကြောင့် ဒီစက်ရုံတွေအားလုံးပိတ်ဖို့ ထိုင်ဝမ်ပြည်သူအားလုံး တောင်းဆိုရမှာဖြစ်ပြီး နျူးကလီးယားကင်းစင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ Untitled-8 copyနျူးကလီးယားဓာတ်အားပေးရုံသစ်တွေ ဆောက်လုပ်ဖို့ ၁၉၉၉ ခုနှစ်ကတည်းက အစိုးရက စီစဉ်ခဲ့တာဖြစ်ပေမယ့် ထိုင်ဝမ်ပြည်သူတွေရဲ့ ကန့်ကွက်တောင်းဆိုမှုတွေကြောင့် ဆက်မလုပ်နိုင်ဘဲ ရပ်ဆိုင်းထားရတာပါ။ အသက် ၄၅ နှစ်အရွယ် ဆန္ဒပြသူတဦးကလည်း ထိုင်ဝမ်မှာ ဘယ်လိုနျူးကလီးယာပေါက်ကွဲမှုမျိုးမှ ဖြစ်လို့မရတဲ့အတွက် သန့်ရှင်းစွမ်းအင်ကို အားကိုးပြီး နျူးကလီးယားစွမ်းအင်ကို ပိတ်သိမ်းရမယ်လို့ ပြောဆိုပါတယ်။ သေးငယ်ပြီး သဘာဝအရင်းအမြစ်မရှိတဲ့ ထိုင်ဝမ်မှာ နျူးကလီးယားစွမ်းအင်အပေါ် အားပြုသုံးစွဲရေးဟာ အရင်ကတည်းက ထိုင်ဝမ်ပြည်သူတွေအကြား အငြင်းပွားနေရတဲ့ ကိစ္စတခုဖြစ်ခဲ့ပြီး မတော်တဆမှုတခုခုဖြစ်ရင် ကျွန်းနေပြည်သူတွေအားလုံးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up