မန်စီးတီး ရှုံးပွဲတွေ့ပြီး အာဆင်နယ် အနိုင်ရသွားသည့် ပရီးမီးယားလိဂ်

မတ် ၁၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကြီးတွေထဲက မန်စီးတီး ရှုံးပြီး အာဆင်နယ် အနိုင်ရသွားပါတယ်။ Untitled-1 copyမန်စီးတီးက အဝေးကွင်းမှာ ဘန်လေကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားတာပါ။ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ ဘန်လေအတွက် အနိုင်ဂိုးကို ၆၁ မိနစ်လောက်မှာ သွင်းယူတာပါ။ မန်စီးတီးအတွက်တော့ ဒီပွဲရှုံးလို့ ချန်ပီယံရေး မျှော်လင့်ချက်တွေကို ထိခိုက်သွားရပါတယ်။ ဒီပွဲမှာ စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ကန်သွင်းခွင့်လည်း အကြိမ် ၂၀ ကျော်အထိ ရခဲ့တာပါ။ idx-2“ဒီပွဲမှာ အသင်းရဲ့ ကစားပုံက ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ အခွင့်အရေး ၄ ကြိမ်လောက် ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး” လို့ စီးတီး နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ၀က်စ်ဟမ်းကို အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ဂျီရှု့၊ ရမ်းဆေးနဲ့ ဖလာမီနီတို့က သွင်းယူပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲရှုံးသွားလို့ ၂၉ ပွဲကစား ၅၃ မှတ်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပြီး အဆင့် ၃ နေရာက ၅၇ မှတ်ရရှိထားတဲ့ အာဆင်နယ်နဲ့ ၁ မှတ်သာ ကွာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up