ကို့စ်တာရီကာ မီးတောင်ပေါက်ကွဲ၊ လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ရပ်ဆိုင်း

ကို့စ်တာရီကာနိုင်ငံမှာ တာရီယာအယ်လ်ဘာမီးတောင် ပေါက်ကွဲလို့ မတ် ၁၃ ရက်နေ့က လေကြောင်းခရီးစဉ် ၁၀၀ ကျော် ရပ်ဆိုင်းခဲ့ရပါတယ်။ နှစ် ၂၀ အတွင်း အားအပြင်းဆုံးပေါက်ကွဲမှုတွေထဲက တခုအဖြစ် အာဏာပိုင်တွေက ပြောပါတယ်။ မတ် ၁၂ ရက်နေ့က ကို့စ်တာရီကာနိုင်ငံ အလယ်ပိုင်းရှိ မီးတောင်ကနေ လေးကြိမ်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး မတ် ၁၃ ရက်နေ့အထိ ဆက်လက်ပေါက်ကွဲ နေခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်ကနေ မိုင် ၃၀ အကွာက မြို့တော် စန်ဟိုဆေးရဲ့ အစိတ်အပိုင်းတွေထိ ပြာမှုန်တွေ ရောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အရပ်ဘက်လေကြောင်းအရာရှိတွေရဲ့ အဆိုအရ နိုင်ငံတကာ လေဆိပ်ကို ၁၈ နာရီ ပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၁၁ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။ မီးတောင်နားက ကာတာဂိုခရိုင်ကို သွားခဲ့တဲ့ လုံခြုံရေးဝန်ကြီး ဂုစ်တာဗို မာတာကတော့ ဒေသခံတွေ သတိနဲ့နေကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်နားက လမ်းတွေကို ပိတ်ထားဖို့နဲ့ မီးတောင်ပတ်လည် ၁ မိုင်အကွာ အချင်းပတ်လည်က လူတွေကို နေရာရွှေ့ပြောင်းကြဖို့ ကို့စ်တာရီကာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က အမိန့်ပေးထားပါတယ်။ ဓာတ်ပုံ - ရိုက်တာ ဗွီဒီယို [gallery ids="85650,85649,85648,85647,85646,85645,85644,85643"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up