ပက္ကြီရို အနိုင်ရမည်ဟု မိုက်တိုင်ဆန်ပြော

ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီရိုနဲ့ အမေရိကန်လက်ဝှေ့သမား မေ၀ယ်သာတို့ မေ ၂ ရက်နေ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲမှာ ပက်ကွီရို အနိုင်ရရှိမယ်လို့ ဟဲဗီးဝိတ်လက်ဝှေ့သမားဟောင်း မိုက်တိုင်ဆန်က မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။ မိုက်တိုင်ဆန်ရဲ့ လက်ဝှေ့လောက စတင်ဝင်ရောက်တဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Pacquiao-vs-Mayweather-dream-match-might-happen-this-Septemberဖလော့ဒ် မေ၀ယ်သာအနေနဲ့  ပက်ကွီရိုကို အနိုင်ရယူလိုရင် ထိုးပုံထိုးနည်း ဆန်းသစ်ဖို့ လိုမယ်လို့ ကမ္ဘာ့လက်ဝှေ့ကျော်ဟောင်း မိုက်တိုင်ဆန်က သတိပေးလိုက်ပါတယ်။ ပက်ကွီရိုကို အလဲထိုးနိုင်ဖို့ မရှိသလို လက်သီးကို ပိုသုံးဖို့ လိုမယ်လို့လည်း ပြောပါတယ်။ ပက်ကွီရိုကို ဒုက္ခပေးနိုင်ခဲ့တဲ့ တင်မ် ဘရက်ဒလေနဲ့ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်တို့ရဲ့ ထိုးပေါက်တွေကို ကြည့်ဖို့လိုပြီး အခုပုံစံနဲ့ မတူညီတာမျိုး လုပ်ရလိမ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ မေ၀ယ်သာဟာ  ခံစစ်အသားပေး ထိုးကွက် သုံးတာကြောင့် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးဖြစ်လာမယ့် မေ၀ယ်သာနဲ့ ပက်ကွီရိုတို့ရဲ့ပွဲအတွက် နောက်ဆုံး သတင်းစာရှင်းလင်းပွဲကို မတ် ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတယ်လို့ နှစ်ယောက်စလုံးက ပြောကြားခဲ့ပါတယ်။ လက်ဝှေ့သက်တမ်းတလျှောက် ရှုံးပွဲမရှိသေးတဲ့ မေ၀ယ်သာနဲ့ ၅၇ ပွဲနိုင် ၅ ပွဲသာ ရှုံးထားတဲ့ ပက်ကွီရိုတို့ မေ ၂ ရက်နေ့ ထိုးကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up