အမေရိကန် ဖာဂူဆန်မြို့မှာ ရဲ ၂ ဦး အပစ်ခံရ

အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့ လှည့်လည် ဆန္ဒပြနေစဉ်  ရဲ ၂ ယောက် သေနတ်နဲ့ အပစ်ခံရပြီးနောက် သံသယရှိသူကို အပြင်းအထန် ရှာဖွေနေပါတယ်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ  စိန့်လူးဝစ်စ် စီရင်စုရဲအုပ် ဂျွန်ဘယ်လ်မာက သူဌာနက အသက် ၄၁ နှစ် ရဲအရာရှိက ပုခုံးမှာ ဒဏ်ရာ ရရှိခဲ့ပြီး အနီးနားကဝက်ဘ်စတာဂရုဗ် ရဲဌာနက အသက် ၃၂ နှစ် ရဲအရာရှိကတော့ နားရွက်နားမှာ ထိမှန်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။ ဒဏ်ရာရတဲ့ ရဲအရာရှိတွေကို ဆေးရုံကို တင်ပို့ခဲ့ပြီးနောက်ပိုင်း ဆေးရုံကနေ ပြန်လည်ဆင်းခွင့် ပေးလိုက်တယ်လို့ သတင်းမှာ ရေးပါတယ်။ ဖာဂူဆန် ရဲတပ်ဖွဲ့ ဌာနချုပ် အနီးမှာ လူအုပ်စုတွေက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့ တောင်းဆိုနေစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ အထွေထွေ ရှေ့နေချုပ် အဲရစ်ဟိုဒါတို့က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး နာရီအတော်ကြာ ရဲတပ်ဖွဲ့တွေက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူအတော် များများကို မေးမြန်းနေတယ်လို့ ဆိုပါတယ်။ သြဂုတ်လက ဖာဂူဆန်က လူဖြူ ရဲအရာရှိ ဒါရန်ဝီလ်ဆင်က လက်နက်မဲ့လူမည်း ဆယ်ကျော်သက် မိုက်ကယ် ဘရောင်းန်ကို အသေပစ်သတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကြောင့် နိုင်ငံတလွှား ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတွေက လူမည်းတွေအပေါ် အလွန်အကျွံ အင်အားသုံးမှုကို ပြန်စိစစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီးချုပ်ကရော ပြည်ထောင်စုတရားရုံးကပါ ပစ်သတ်သူ ဝီလ်ဆင်ကို တရားစီရင်မှု မလုပ်ခဲ့ကြပါဘူး။ ဒီဖြစ်ရပ်ကြောင့် ဖာဂူဆန်မြို့က ရဲမှူးကြီးရာထူးက နုတ်ထွက်မယ်လို့ မတ် ၁၁ ရက်နေ့က ကြေညာ ပါတယ်။   [gallery ids="85520,85521,85522,85523,85524"]        

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up