ဘိုကိုဟာရမ်အဖွဲ့ သစ္စာခံရန် တောင်းဆိုချက် အိုင်အက်စ်လက်ခံ

နိုင်ဂျီးရီးယားနိုင်ငံ ဘိုကိုဟာရမ်အဖွဲ့က သစ္စာခံဖို့ တောင်းဆိုချက်ကို အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့က လက်ခံလိုက်ပါတယ်။ ၂ ဖွဲ့စလုံးက စစ်ရေး အရ ဖိအားပေးခံရတဲ့ အချိန်မှာ ပူးပေါင်းဖို့ လုပ်ဆောင်လာတာ ဖြစ်ပြီး ဘိုကိုဟာရမ်ရဲ့ တောင်းဆိုချက်ကို အိုင်အက်စ် အဖွဲ့ ပြောခွင့်ရက အတည်ပြု လက်ခံလိုက် တာ ဖြစ်တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ နိုင်ဂျီးယားနိုင်ငံက ဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင် အဘူဘာကာ ရှိခါက အိုင်အက်စ်ကို သစ္စာခံဖို့ အရင် ရက်ပိုင်းက ကတိပြုခဲ့ပါတယ်။ boko-haram-moped-Reuters-1ဘိုကိုဟာရမ်အဖွဲ့ဟာ အိုင်အက်စ်အဖွဲ့လိုပဲဘယ်ဂျီယံနိုင်ငံ နီးပါးအကျယ်ရှိတဲ့ နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းကို အစ္စလာမ္မစ်ပိုင်နက် အဖြစ် ကြေညာခဲ့ပါတယ်။ ဒါအပြင် အိုင်အက်စ်က ဖမ်းဆီးထားသူတွေကို ခေါင်းဖြတ် စီရင်သလို ဘိုကိုဟာရမ်ကလည်း လိုက်လံလုပ်ဆောင်ခဲ့ ပါတယ်။ လက်ရှိမှာတော့ ဒီအဖွဲ့ ၂ ဖွဲ့စလုံးဟာ စစ်ရေး ဖိအားပေး တာကို ခံနေရပါတယ်။ ဘိုကိုဟာရမ်ကလည်း နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ ဖိအားတွေ ကြောင့် နိုက်ဂျီးရီးယား အရှေ့ မြောက်ပိုင်းက မြို့တွေကို လက်လွတ်နေရပါတယ်။ ဖေဖော်ဝါရီလက စတင်တဲ့ စစ်ဆင်ရေးကြောင့် ဘိုကိုဟာရမ်တပ်ဖွဲ့ ၅၀၀ လောက်သေဆုံးသွားပြီ လို့ ဆိုပါတယ်။ အရင်နှစ်နွေက စတင်ပြီး  အီရတ် မြောက်ပိုင်း အနောက်ပိုင်း အပါအ၀င် ဆီးရီးယားက ဒေသတွေကို အိုင်အက်စ်က သိမ်းယူ ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရတ်တပ်ဖွဲ့တွေနဲ့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့တွေက စစ်ရေး အရဖိအားပေးပြီး သိမ်းယူ ထားတဲ့ နယ်မြေတွေကို ပြန်လည် ထိုးစစ် ဆင်နေပါတယ်။

More News
Up