မန်ယူနည်းပြ ဗန်ဂေါနေရာ အန်ဆယ်လော့တီဖြင့် အစားထိုးမည့် သတင်းများထွက်ပေါ်

အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဗန်ဂေါနေရာကို စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနဲ့ အစားထိုးနိုင်တယ်လို့ စပိန် သတင်းတွေက ဖော်ပြပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်က ရှော့ကေးကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အန်ဆယ်လော့တီကလည်း ဖိအားတွေ ရင်ဆိုင်နေရပါတယ်။ Ancelottiအန်ဆယ်လော့တီက ရီးရဲလ်မှာ ပျော်နေသလို ထွက်ခွာဖို့ မရှိဘူးဆိုပြီး စပိန် မာကာ သတင်းကို ကိုးကားပြီး ဗြိတိန် ဒေးလီးစတား သတင်းက ရေးပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီအနေနဲ့ ပရီးမီးယား လိဂ်ကို သွားဖို့ ဆန္ဒရှိနေသလို မန်ယူနဲ့ မန်စီးတီး ၂ သင်း စလုံးက သူကို ခေါ်ယူလိုနေတယ်လို့လည်း သတင်းက ရေးပါတယ်။ လက်ရှိ ဗန်ဂေါရဲ့ မန်ယူကတော့ ပရီးမီးယားလိဂ်ဇယား နံပါတ် ၄ နေရာမှာ ရပ်တည်နေသလို ရာသီပြီးဆုံးတဲ့ အခါရလာတဲ့ ရလဒ်ပေါ်မူတည်ပြီး အသင်းက ထွက်ခွာမခွာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် စီးတီးနည်းပြ ပယ်လီဂရီနီက ပရီးမီးယားလိဂ်မှာ ချန်ပီယံ မဖြစ်ရင်တော့ စပိန် အက်သလက်တီကို နည်းပြ ဆီမြွန်နီနဲ့ အစားထိုးနိုင်သလို အန်ဆယ်လော့တီ အခြေအနေကို မန်စီးတီးက စောင့်ကြည့်နေတယ်လို့ သတင်းတွေက ရေးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up