တရုတ်- အာဆီယံ လူငယ်ဘောလုံးပွဲ မြန်မာ ယူ ၁၅ တတိယရ

တရုတ်နိုင်ငံ ဂွမ်ဇီပြည်နယ် ဒုံဇင်းမြို့မှာ ကျင်းပနေတဲ့၂၀၁၅ တရုတ်-အာဆီယံ လူငယ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာ ယူ ၁၅ အသင်းက တတိယနေရာ ရရှိခဲ့ပါတယ်။ မြန်မာ ယူ ၁၅ အသင်းက တရုတ် ယူ-၁၅ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာလို့ မြန်မာ့ ဘောလုံးအဖွဲ့ချုပ် လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးပါတယ်။ မြန်မာအသင်းဟာအုပ်စု အဆင့်မှာကို တရုတ် ယူ ၁၅ အသင်းကို အနိုင်ကစားထားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားပါတယ်။ မတ် ၄ ရက် ကနေ ၁၁ ရက်အထိ ကျင်းပတဲ့ ပြိုင်ပွဲမှာ အိမ်ရှင် တရုတ် ယူ-၁၅ အသင်းနဲ့အတူ မြန်မာ၊ မလေးရှား၊ ဗီယက်နမ် ယူ-၁၅ အသင်းတို့ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အုပ်စုပတ်လည် စနစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အုပ်စု အမှတ်အများဆုံး ထိပ်ဆုံး (၂) သင်း ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သွားတာ ဖြစ်ပါတယ်။ [gallery ids="85432,85429,85430,85431"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up