ပြင်သစ်တွင် အမေရိကန်ဒေါ်လာ ၉ သန်းခွဲတန်ဖိုးရှိ ရတနာများ ဓားပြတိုက်ခံရ

ပြင်သစ်နိုင်ငံအလယ်ပိုင်းက အဗာလ်လွန်း(Avallon)မြို့အနီး အဝေးပြေးကားလမ်းတနေရာ မတ် ၁၀ ရက်နေ့ညက အမေရိကန်ဒေါ်လာ ၉ သန်းခွဲဖိုး စိန်ရွှေရတနာတွေ ဓားပြတိုက်ခံရလို့ ပြင်သစ်ရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းဖော်ထုတ်နေကြပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဘီဆန်ကွန်မြို့ကနေ ပါရီမြို့တော်ကို ရတနာတွေ တင်ဆောင်လာရင်း လုံခြုံရေးကားတန်းကို မျက်နှာဖုံးဝတ်လက်နက်ကိုင် ၁၅ ယောက်လောက်က ဓားပြ တိုက်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ [caption id="attachment_85403" align="alignleft" width="300"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] ယာဉ်မောင်းတွေကို ဘာအန္တရာယ်မှ မပေးခဲ့ပေမယ့် သယ်ဆောင်လာတဲ့ကားတွေကိုတော့ တနေရာမှာ မီးရှုံ့ပြီးထားခဲ့ကြပါတယ်။ လက်နက်ကိုင်တွေဟာ ပါရီမြို့တော်ဖက်ကို ကား ၄ စီးနဲ့ ထွက်ပြေးကြတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဖိုးတန်လက်ဝတ်ရတနာတွေ အခုလို ဓားပြတိုက်ခံရတာတွေနဲ့ အခိုးခံရတာတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လက ကိန်းမြို့မှာ အမေရိကန်ဒေါ်လာ ၁၃၆ သန်းဖိုး အဖိုးတန် လက်ဝတ်ရတနာတွေ ဓားပြအတိုက်ခံခဲ့ရပါသေးတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up