သာယာဝတီထောင်မှ ကျောင်းသား ၁၇ ဦး ယနေ့ လွတ်မြောက်
DVB
·
March 12, 2015
သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားတချို့ ပြန်လွတ်မြောက်လာပြီး မတ် ၁၂ ညနေ ၆ နာရီအထိ ကျောင်းသား ၁၇ ယောက် လွတ်မြောက်ခဲ့ပြီလို့ ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
နေ့ကျောင်းတက် တက္ကသိုလ်ကျောင်းသား ၂၇ ယောက်ကို ဦးဆုံးလွှတ်ပေးဖို့ စာရင်းထွက်လာတာ ဖြစ်ပြီး မိဘတွေ ရောက်မလာသေးတဲ့ ၁၀ ယောက်ကို မနက်ဖြန်မှာ ဆက်လက်လွှတ်ပေးဖို့ ရှိပါတယ်။
နေ့ကျောင်းတက် တက္ကသိုလ်ကျောင်းသားတွေဟာ မကြာခင်မှာ စာမေးပွဲဖြေဆိုကြဖို့ ရှိတာမို့ အရင်ဆုံးလွှတ်ပေးတာဖြစ်တယ်လို့ ဒီနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားတွေကပြောပြီး သာယာဝတီထောင်ထဲမှာ သတင်းထောက်နှစ်ယောက် ရှိနေတယ်လို့လဲ ကျောင်းသားတွေက ပြောပါတယ်။
မတ်လ ၁၁ ရက်မှာ ပြန်ကြားရေးက ပြည်ထဲရေးနဲ့ညှိပြီး သတင်းထောက်တွေ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ဆိုထားပေမယ့် ဖမ်းခံထားရတဲ့သတင်းထောက်တွေ ခုချိန်ထိ ပြန်မလွတ် ကြသေးပါဘူး။
အစိုးရသတင်းတွေအရ လက်ပံတန်းကျောင်းသား အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျောင်းသားနဲ့ ၀န်းရံသူ ၁၂၀ ကျော် ဖမ်းဆီးထားပြီး အခု လွှတ်ပေးဖို့ထွက်လာတဲ့ စာရင်းအရတော့ အစွန်းထွက် ၂၀ ကျော်ပဲ လွှတ်ပေးမှာ ဖြစ်ပါတယ်။