Home
မြန်မာသတင်း
သာယာဝတီထောင်မှ ကျောင်းသား ၁၇ ဦး ယနေ့ လွတ်မြောက်
DVB
·
March 12, 2015
သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားတချို့ ပြန်လွတ်မြောက်လာပြီး မတ် ၁၂ ညနေ ၆ နာရီအထိ ကျောင်းသား ၁၇ ယောက် လွတ်မြောက်ခဲ့ပြီလို့ ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ နေ့ကျောင်းတက် တက္ကသိုလ်ကျောင်းသား ၂၇ ယောက်ကို ဦးဆုံးလွှတ်ပေးဖို့ စာရင်းထွက်လာတာ ဖြစ်ပြီး မိဘတွေ ရောက်မလာသေးတဲ့ ၁၀ ယောက်ကို မနက်ဖြန်မှာ ဆက်လက်လွှတ်ပေးဖို့ ရှိပါတယ်။ နေ့ကျောင်းတက် တက္ကသိုလ်ကျောင်းသားတွေဟာ မကြာခင်မှာ စာမေးပွဲဖြေဆိုကြဖို့ ရှိတာမို့ အရင်ဆုံးလွှတ်ပေးတာဖြစ်တယ်လို့ ဒီနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားတွေကပြောပြီး သာယာဝတီထောင်ထဲမှာ သတင်းထောက်နှစ်ယောက် ရှိနေတယ်လို့လဲ ကျောင်းသားတွေက ပြောပါတယ်။ မတ်လ ၁၁ ရက်မှာ ပြန်ကြားရေးက ပြည်ထဲရေးနဲ့ညှိပြီး သတင်းထောက်တွေ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ဆိုထားပေမယ့် ဖမ်းခံထားရတဲ့သတင်းထောက်တွေ ခုချိန်ထိ ပြန်မလွတ် ကြသေးပါဘူး။ အစိုးရသတင်းတွေအရ လက်ပံတန်းကျောင်းသား အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျောင်းသားနဲ့ ၀န်းရံသူ ၁၂၀ ကျော် ဖမ်းဆီးထားပြီး အခု လွှတ်ပေးဖို့ထွက်လာတဲ့ စာရင်းအရတော့ အစွန်းထွက် ၂၀ ကျော်ပဲ လွှတ်ပေးမှာ ဖြစ်ပါတယ်။

ပြန်လည် လွတ်မြောက်လာသည့် ကျောင်းသားများစာရင်း

၁။ စစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်) ၂။ စိုးလွင်ကျော် (သထုံစိုက်ပျိုးရေးတက္ကသိုလ်) ၃။ စန်းလင်းဦး (ဟင်္သာတ တက္ကသိုလ်) ၄။ မရည်မွန် (ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်) ၅။ သက်ထားစံ (ပုသိမ်တက္ကသိုလ်) ၆။ ခိုင်ဇင်သက် ၇။ အိဖြူ ဖြူထွန်း (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) ၈။ ရွှေရည် ၉။ ထက်ခိုင် (ရတနာပုံတက္ကသိုလ်) ၁၀။ ပြည့်စုံ ၈။ ထက်လင်း (မှော်ဘီတက္ကသိုလ်) ၉။ အောင်သောင်းဦး ၁၀။ ကိုကောင်းထက် ၁၁။ သန့်လွမ်းဝေချစ် ၁၂။ မခိုင်ဇင်သက် (ရတနာပုံတက္ကသိုလ်) ၁၃။ ကိုစစ်နိုင်အောင် (ရတနာပုံတက္ကသိုလ်) ၁၄။ ကိုဆန်းလင်းထိုက် (နည်းပညာ တက္ကသိုလ်) ၁၅။ မရည်မိုမိုအောင် (ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) ၁၆။ သစ္စာအေးမြတ်မွန် ၁၇။ အိပုံ [gallery ids="85306,85311,85305,85304,85326,85327,85328,85329,85330"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024