မြန်မာကလေးသူငယ် အခွင့်အရေးကိစ္စများအတွက် ကန်ဒေါ်လာ ၂.၅ သန်း သြစတြေးလျ ကူညီမည်

ကချင်စစ်ဘေးရှောင်ဒုက္ခသည် စခန်းများ ကလေးငယ်များ မြင်တွေ့ရစဉ်
မြန်မာနိုင်ငံကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုနဲ့ လူကုန်ကူးခံရတဲ့အမှု စတာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၅ သန်းကို Unicef ကတဆင့် အကူအညီပေးသွားမယ်လို့ ပြောပါတယ်။ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ ရွှေတောင်ကြားက Unicef ရုံးမှာပြုလုပ်တဲ့ ထောက်ပံ့ငွေ ကူညီခြင်းပွဲမှာ ပြောပါတယ်။ “သြစတြေးလျ အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ်ကူညီပေးတာ အမေရိကန်ဒေါ်လာ သန်း ၉၀ လောက်ရှိပါတယ်။ ဒီနှစ်မှာ သန်း ၉၀ ထဲက ၂.၅ သန်းကို ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိစ္စတွေမှာ သုံးမှာဖြစ်တဲ့အကြောင်း သြစတြေးလျအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ အဓိက ကူညီမှုပေးတဲ့အပိုင်းကတော့ ပညာရေးကဏ္ဍဖြစ်ကြောင်းပြောပါတယ်။” မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အပိုင်းသုံးပိုင်းနဲ့ လုပ်သွားမှာဖြစ်ပြီး ပထမပိုင်းက မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဦးစားပေးအသုံးပြုမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ပြည်နယ်နဲ့တိုင်းတွေထဲက ၂၇ မြို့နယ်မှာရှိတဲ့ကလေးသူငယ်တွေရဲ့ ဖြစ်ရပ်မှန်စီမံခန့်ခွဲမှု၊ ဒုတိယက ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ စိတ်ဒဏ်ရာရရှိထားတဲ့ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ပေးတဲ့ နေရာတွေမှာ သုံးပြုမှာဖြစ်ပါတယ်။ နောက်တချက်က မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရက ခန့်ထားတဲ့တရားသူကြီးတွေ ကလေးသူငယ်နဲ့ဆိုင်တဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး မွမ်းမံသင်တန်းပေးဖို့ အစီအစဉ်တွေကိုလည်း ၂၀၁၅ ခုနှစ်အတွင်းမှာ ၂.၅ သန်းနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Unicef ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up