ပါကစ္စတန်စစ်တပ်က နာမည်ကြီးနိုင်ငံရေးပါတီဌာနချုပ်ကို ၀င်ရောက် စီးနင်း

ပါကစ္စတန်စစ်တပ်က ဆင်းဒ်ရိန်းဂျားတပ်ဖွဲ့တွေ မြို့တာ် ကရာချီမှာ ရှိတဲ့ နိုင်ငံရေးလောကမှာ ခြေကုပ် ယူထားတဲ့ မွတ်တဟိဒကွာမီ လှုပ်ရှားမှုအဖွဲ့(MQM)ရဲ့ ဗဟိုဌာနချုပ်ကို ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီ စီးနင်းမှုအတွင်း သတင်းထောက်တယောက်ကို သတ်မှုအပါအဝင် ရာဇဝတ်မှုတွေ အတော်များများ အတွက် အလိုရှိနေတဲ့ သံသယရှိသူတွေကို ဖမ်းဆီးပြီး လက်နက်တွေကို ရှာဖွေ သိမ်းဆည်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တပ်ဟာ ဖမ်းမိတဲ့ လူအရေအတွက် အတိအကျကို မပြောနိုင်ပေမယ့် ရာဇဝတ်မှု မှတ်တမ်း ရှိတဲ့ အမျိုးသား ၅ ဦး၊ ၆ ဦးကို ဖမ်းခဲ့တယ်လို့ ဗိုလ်မှူးကြီး တာဟီယာ မယ်မွတ်က ပြောပါတယ်။ “နိုင်ငံရေးအရ လှုပ်ရှားတာ မဟုတ်ဘဲ ၂၀၁၁ ခုနှစ်က သတင်းထောက်ကို သတ်မှုနဲ့ သေဒဏ်ကျနေတဲ့ တယောက် အပါအဝင် ရာဇဝတ်မှုနဲ့ လိုချင်တဲ့လူတွေကိုသာ ဖမ်းတာပါ။”လို့ ပြောပါတယ်။ တခြား ၄ ယောက်ဟာလည်း MQM အဖွဲ့ဝင်တွေ ဖြစ်ပြီး လူသတ်မှုနဲ့ထောင်ကျဖူးတယ်လို့ ပြောဆိုပေမယ့် MQM ပါတီကတော့ အဲဒီလူတွေဟာ သူတို့ပါတီဝင် မဟုတ်ဘူး လို့ ငြင်းပါတယ်။ ပါတီရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတယောက်ကတော့ “ဌာနချုပ်က လက်နက်အားလုံးမှာ သင့်တော်တဲ့ လိုင်စင်ရှိတယ်လို့ ပြောပြီး စီးနင်းမှုအတွင်း ပါတီဝင်တယောက် အသတ်ခံရတယ်။”လို့ ပြောပါတယ်။ ပါတီခေါင်းဆောင် တယောက်ကတေ့ express tv က ကင်မရာသမား တယောက် ဒဏ်ရာရ တယ်လို့ ပြောပါတယ်။ ပါတီခေါင်းဆောင် အယ်လ်တဖ် ဟူစိန်ကတော့ ပါကစ္စတန်နိုင်ငံတွင်း တခြားလူသတ်မှုတခုနဲ့ အလိုရှိခံရပြီး လန်ဒန်မှာ ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ပါတယ်။ ကရာချီမြို့ဟာ ပါကစ္စတန်တာလီဘန်တွေအပါအဝင် စစ်သွေးကြွအုပ်စု အတော်များများရဲ့ ဇာတိမြေပါ။ အဲဒီမြို့က နိုင်ငံရေးပါတီအများအပြားမှာ လက်နက်ကိုင် ခါးပိုက်ဆောင်တပ်တွေ ရှိနေပါတယ်။ [gallery ids="85319,85320,85321,85322,85323"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up