အကြမ်းဖက်သမားဟု သံသယရှိသူကို တင်ဆောင်သည့် လေကြောင်းလိုင်း ပေါင် ၅ သောင်း ဒဏ်တပ်ခံရမည်

အကြမ်းဖက်သမားဟု သံသယရှိသူကို တင်ဆောင်တဲ့ လေကြောင်းလိုင်းတွေဟာ ဗြိတိန် ပြည်ထဲရေးရဲ့ အမိန်ကို ချိုးဖောက်မှုနဲ့ ပေါင် ၅ သောင်းအထိ ဒဏ်ငွေ ချမှတ်နိုင်တဲ့ ဥပဒေသစ်တခု ဗြိတိန်မှာ မကြာခင် အသက်ဝင်မှာ ဖြစ်ပါတယ်။ မွတ်စလင်ဘာသာရေး စစ်ပွဲကို ဆင်နွှဲမယ့်သူတွေကို တင်ဆောင်တဲ့ လေကြောင်းလိုင်းတွေ အားလုံးအပေါ်ကို ဒီပြစ်ဒဏ်ဟာ သက်ရောက်မှုရှိမှာ ဖြစ်တယ်လို့ ဗြိတိန် ဒေးလီးမေလ်းသတင်းက ရေးပါတယ်။ ဒါအပြင် ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ အချက်အလက်ကို မပေးနိုင်ရင် ပေါင် ၁ သောင်း ဒဏ်ငွေ ရိုက်ခံရမှာလည်း ဖြစ်ပါတယ်။ ဒီဥပဒေဟာ အစ္စလာမ္မစ် (အိုင်အက်စ်)တွေကို သွားရောက်ပူးပေါင်းမယ့်သူတွေကို တားမြစ်တာလို့လည်း ဆိုပါတယ်။ ဗြိတိန် နိုင်ငံသား ၆၀၀ လောက်ဟာ ဆီးရီးယား အီရတ်ကနေ တဆင့် အိုင်အက်စ်ကို သွားရောက်ပူးပေါင်း ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up