အီရတ်တပ်များ တီကရစ်မြို့အရှေ့မြောက်ပိုင်းနယ်မြေများကို ပြန်လည် သိမ်းပိုက်

ပြီးခဲ့တဲ့နှစ်က အိုင်အက်စ်အဖွဲ့ရဲ့ သိမ်းပိုက်ခံခဲ့ရတဲ့ တီကရစ်မြို့ကို အီရတ်စစ်တပ်နဲ့ ရှီးယား မွတ်စလင် ပြည်သူ့စစ်တွေ ပြန်လည်သိမ်းယူနေတာမှာ မတ် ၁၁ ရက်နေ့က မြို့အရှေ့မြောက်ပိုင်းက နယ်မြေအတော်များများကို ပြန်လည် သိမ်းပိုက်ရရှိခဲ့ပြီးလို့ အီရတ်စစ်တပ်က ပြောဆိုပါတယ်။ တီကရစ်မြို့တောင်ပိုင်းနဲ့ အနောက်ပိုင်းနယ်မြေ အများစုကိုတော့ မသိမ်းယူနိုင်သေးပါဘူး။ တီကရစ်မြို့ စစ်ဆင်ရေးမှာ အီရတ်စစ်တပ်နဲ့ ရှီးယာပြည်သူစစ် အင်အား ၃ သောင်းကျော် ပါဝင်ပြီး ပြီးခဲ့တဲ့နှစ် နိုင်ငံမြောက်ပိုင်းနယ်မြေတွေအများအပြား အိုင်အက်စ်အဖွဲ့ရဲ့ လျှပ်တပြတ် သိမ်းပိုက်ခံရအပြီး အီရတ်အစိုးရရဲ့ အကြီးဆုံးစစ်ဆင်ရေး လည်း ဖြစ်ပါတယ်။ တီကရစ်မြို့ထိုးစစ်ကတော့ တခြားထိုးစစ်တွေလို အမေရိကန်လေကြောင်းပစ်ကူမှု မပါပဲ အီရန်နိုင်ငံက နောက်ခံ ကူညီနေပါတယ်။ တီကရစ်မြို့ကို ၁ ပတ်ကျော်ကြာ ၀န်းရံပြီးမှ မြို့အရှေ့မြောက်ပိုင်း ကနေ စတင် ၀င်ရောက် လာနိုင်တာလည်း ဖြစ်ပါတယ်။ ထိုးစစ်ကို ဟန့်တားဖို့ အိုင်အက်စ်အဖွဲ့က ကားထောင်ဗုံးတွေ အများအပြား ချထားပြီး လက်ဖြောင့် တပ်သားတွေရဲ့ ခုခံမှုတွေကြောင့် ထင်သလောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တီကရစ်မြို့ရဲ့ အရှေ့မြောက်ပိုင်းက အကြီးဆုံးရပ်ကွက်ဖြစ်တဲ့ ကွာဒီဆရာ(Qadisya) ၃ ချိုး ၂ ချိုးကို သိမ်းပိုက် ရရှိထားပြီ ဖြစ်ပေမယ့် မြို့တောင်ပိုင်းနဲ့ အနောက်ပိုင်းရပ်ကွက်တွေထဲကိုတော့ လုံးဝ ၀င်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ တီကရစ်မြို့ထဲကို ၀င်ရောက်ရာ တခုထဲသော တိုက်ဂရစ်မြစ်ကူးတံတားကိုလည်း ထိုးစစ်အဟန့် အတားဖြစ်အောင် အိုင်အက်စ်တွေက ဗုံးးခွဲဖျက်ဆီးခဲ့တယ်လို့လည်း အီရတ်စစ်တပ်က မတ် ၁၀ ရက်နေ့က ပြောဆိုပါတယ်။ [gallery ids="85289,85290,85288,85291"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up