ကမ္ဘာကျော်လက်ဝှေ့သမား ၂ ဦး ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ

မေ ၂ ရက်မှာထိုးသတ်ဖို့ ကြေညာပြီးတဲ့နောက် ဖလော့ဒ် မေ၀ယ်သာနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုတို့ ပထမဆုံးအကြိမ် မတ် ၁၁ ရက်က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ ဒီလက်ဝှေ့ပွဲ ဖြစ်မြောက်ဖို့ ၅ နှစ်နီးပါး စီစဉ်ခဲ့ရတာ ဖြစ်ပြီး ၀င်ငွေအမြောက်အမြား ရနိုင်တဲ့ လက်ဝှေ့ပွဲလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မီဒီယာ ၆၀၀ ကျော်တက်ရောက်တဲ့ လော့အိန်ဂျယ်လိစ်က နိုကီယာ ပြဇာတ်ရုံ သတင်းစာရှင်းလင်းပွဲမှာ သူတို့သက်တောင့်သက်သာနဲ့ စကားပြောခဲ့ကြတယ်လို့လည်း အေပီသတင်းက ရေးပါတယ်။ သူရဲ့ အရည်အချင်းကို ယုံကြည်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ မေ၀ယ်သာက ပြောပါတယ်။ မေ ၂ ရက်မှာ အနိုင်ရမယ်လို့ ယုံကြည်တယ်လို့ ပတ်ကွီရိုက ပြောပါတယ်။ ဒီပွဲထိုးကြေးကို မေ၀ယ်သာက ဒေါ်လာ သန်း ၁၂၀ ရရှိမှာ ဖြစ်သလို ပတ်ကွီရိုက ဒေါ်လာ သန်း ၈၀ ရရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ဒီသတင်းစာရှင်းလင်းပွဲကို အဆိုတော် ဂျက်စတင်ဘီဘာလည်း တက်ရောက်ခဲ့ပါတယ်။ [gallery ids="85295,85292,85293,85294"]

More News
Up