စစ်ရေးဆိုင်ရာသဘောတူညီမှု မကျေမလည်မှုကြောင့် ဆွီဒင်နှင့် ဆော်ဒီ သံတမန်ဆက်ဆံရေး ရုပ်သိမ်း

အခုတပတ်အတွင်း ဆွီဒင်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ သဘောတူညီမှုတွေ မကျေမလည် ဖြစ်ခဲ့ကြပြီး ဆွီဒင်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ် ကို ဆော်ဒီအစိုးရက မတ် ၁၀ ရက်နေ့က ပြန်ရုပ်သိမ်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာ အတူပူးပေါင်း လုပ်ကိုင်ခဲ့ကြတဲ့ နှစ်နိုင်ငံစစ်လက်နက် ထောက်ပံ့ရေး သဘောတူညီမှုတွေဟာ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ တန်ပြီး လာမယ့်မေလမှာ စာချုပ်သက်တမ်း ကုန်မှာပါ။ ဒါပေမယ့် ဒီတပတ် အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် အာရပ်အဖွဲ့ချုပ်ညီလာခံမှာ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို ဆော်ဒီအစိုးရက ပိတ်ပင်ခဲ့တာကြောင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို သက်တမ်းမကုန်ခင် ရုပ်သိမ်းတယ်လို့ ဒီတပတ်ထဲမှာပဲ ဆွီဒင်အစိုးရက ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၀ယ်လ်စထရွန်(Wallstrom)ရဲ့ မိန့်ခွန်းမှာ ပါလက်စတိုင်းနိုင်ငံကို ဆွီဒင်အစိုးရက အသိအမှတ်ပြု ထောက်ခံထားပြီး ဆော်ဒီ လူအခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ပြစ်တင် ရှုတ်ချထားပါတယ်။ ၀န်ကြီးရဲ့မိန့်ခွန်း မိတ္တူတစောင်ကိုလည်း မတ် ၉ ရက်နေ့က လူမှုကွန်ရက်တခုမှာ တင်ခဲ့တာပါ။ ဆွီဒင်နိုင်ငံကတော့ သူ့နိုင်ငံ သံအမတ်ကို မရုပ်သိမ်းပါဘူး။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆွီဒင်နိုင်ငံမှာ ဆိုရှယ်ဒီမိုကရက်အစိုးရ တက်လာပြီး နောက်ပိုင်း နိုင်ငံတကာအရေးကိစ္စတွေမှာ ဆွီဒင်နိုင်ငံက အရင်ထက်ပိုပြီး တက်တက်ကြွကြွ ပါဝင်ဖို့နဲ့ နိုင်ငံတကာလူအခွင့်အရေးကို ပိုမိုအားပေးဖို့ ကတိပေးထားပါတယ်။ ဆော်ဒီ အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ ဆော်ဒီဘလော့ဂါ ဘာဒါဝီ(Badawi)ကို ကြိမ်ဒဏ်ပေးတဲ့ကိစ္စတွေကို ပြီးခဲ့တဲ့လက ဆွီဒင် လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ၀ယ်လ်စထရွန်က ကန့်ကွက်ခဲ့ပါသေးတယ်။ အာရပ်အဖွဲ့ချုပ်ဟာ ဆွီဒင်နိုင်ငံရဲ့အရေးပါတဲ့ မဟာမိတ်ဖြစ်ပေမယ့် ဆော်ဒီအစိုးရကတော့ အာဏာရှင်အစိုးရ ဖြစ်တယ်လို့လည်း ၀ယ်လ်စထရွန်က ပြောဆိုပါတယ်။ [gallery ids="85233"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up