မြန်မာအသင်းက ဂျပန်အသင်းကို ၉ ဂိုး ဂိုး မရှိဖြင့် ရှုံးနိမ့်

ဂျပန်နိုင်ငံ ချီဘားမြို့ Fukuda Denshi Arena ကွင်းမှာ ကျင်းပခဲ့တဲ့ ယူ ၂၂ ချစ်ကြည်ရေးပွဲ မှာ မြန်မာအသင်းက ဂျပန်အသင်းကို ၉ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ ကြံခိုင်တောင့်တင်းတဲ့ ဂျပန်နောက်တန်းကိုမဖောက်နိုင်သလို ရှေ့တန်းတိုက်စစ်မှူးစူဇူကီးနဲ့ နခရှီမ ၂ ယောက်လုံးကို မထိန်းနိုင်ပဲ ဂိုးသွင်းခွင့်ပေးခဲ့ရတာဖြစ်ပါတယ်။ ဂျပန် ယူ ၂၂ အသင်းဟာ ပြည်ပမှာကစားနေတဲ့ ခုဘိုယုယနဲ့ မီနမီနော့ တခုမီ အပါအ၀င် ဂျေလိဂ်-၁ မှာကစားနေတဲ့ ထိပ်တန်း လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စင်ကာပူ ယူ ၂၃ အသင်းနှင့် ခြေစမ်းခဲ့ရာမှာ ၈ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့အသင်း ဖြစ်ပါတယ်။ ၂၀၁၁ ခု ဂျပန်နိုင်ငံဆူနာမီနဲ့ ငလျှင်ကြီး ၄ နှစ်ပြည့်နေ့နဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် ပြိုင်ပွဲမစတင်ခင်မှာ နှစ်ဖက်အသင်း အားကစားများနဲ့ ပရိတ်သတ်အားလုံး သေဆုံးခဲ့သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်စွာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ [gallery ids="85227,85228,85229,85230,85231"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up