ချန်ပီယံလိဒ်ပွဲတွင် ချယ်ဆီးနှင့် ပီအက်စ်ဂျီ တို့ ၂ ဂိုးစီ သရေကျ၊ ပီအင်စ်ဂျီအသင်း ကွာတားတက်

ဒီနေ့မနက် ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ရဲ့ ချန်ပီယံလိဒ်ပွဲမှာ ၂ ဂိုးစီ သရေကျတာကြောင့် ၂ ပွဲပေါင်း အဝေးဂိုးအသာနဲ့ ပီအင်စ်ဂျီ အသင်း ကွာတားတက်သွားပါတယ်။ ချယ်လ်ဆီးအိမ်ကွင်းမှာ ကစားခဲ့တဲ့ ကွာတားအကြို ၁၆ သင်း၊ ဒုတိယအကြော့ပွဲဟာ ပထမပွဲတုန်းက ၁-၁ နဲ့ သရေကျထားလို့ အဝေးဂိုးရထားတဲ့ ချယ်လ်ဆီးအတွက် အခွင့်အရေးကောင်းခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်း ၃၁ မိနစ်မှာပဲ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ဇလပ်တန် အီဗရာမိုဗစ်ခ်ျ အဖျက်ကြမ်းလို့ အနီနဲ့ ထုတ်ခံရလို့ ချယ်လ်ဆီး အတွက် ပိုအားသာတဲ့ဘက်မှာ ရောက်လာပါတယ်။ ပထမပိုင်းမှာတော့ နှစ်ဖက် ဂိုးမသွင်းနိုင်ပါဘူး၊ ဒုတိယပိုင်း ၈၁ မိနစ် အရောက်မှာ ကေဟင်းလ်က ချယ်လ်ဆီးအတွက် ဗွေဇော်ဦး ဂိုးစသွင်းပါတယ်။ မကြာပါဘူး ၈၆ မိနစ်မှာ ဒါဗစ်လူဝစ်က ပီအက်စီက ချေပဂိုးရပါတယ်။ သွင်းဂိုး အဝေးဂိုးတွေ တူနေလို့ အချိန်ပိုကစား ကြတဲ့အခါ ပီအက်စ်ဂျီ နောက်ခံလူ သီယေဂိုဆင်းလ်ဗာ ပင်နယ်တီ ဧရိယာထဲမှာ လက်နဲ့ထိလို့ ပေးရတဲ့ ပင်နယ်တီကို ဟက်ဇတ်ကန်သွင်းပြီး ချယ်ဆီး အနိုင်ဂိုးထပ်ရပါတယ်။ ပီအက်စ်ဂျီအနီးကပ်အပိုင်သွင်းတဲ့ ဂိုးတွေကိုလည်း ချယ်လ်ဆီး ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပွဲခါနီးမှာ ကော်နာက ကန်ပေးလိုက်တဲ့ဘောလုံးကို သီယေဂိုဆင်းလ်ဗာက ခေါင်းတိုက်ပြီး ဂိုးသွင်းယူသွားလို့ ၂ ဂိုးစီ သရေခဲ့ပြီး အဝေးကွင်းမှာ ၂ ဂိုး သွင်းနိုင်တဲ့ ပီအက်စ်ဂျီ အသင်းကို ကွာတားကို တက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်တပွဲမှာတော့ ဘိုင်ယန်မြူးနစ်က ရှပ်တာ ဒွန်းညက်စ် ၇ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူပြီး ကွာတားကို တက်သွားပြီ ဖြစ်ပါတယ်။ ရှပ်တာ ဒွန်းညက် ကစားသမားတစ်ယောက် ပထမပိုင်းအစမှာ ကတည်းက အထုတ်ခံရပါတယ်။ မူလာက ၂ ဂိုး၊ ဘိုတန်၊ ရီဘာရီ၊ ဘတ် စတူဘာ၊ လီဝန်ဒေါ့စကီး နဲ့  ဂို့ ဇဲ တို့ က ၁ ဂိုးစီသွင်းကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up