ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ လွှတ်တော်ကြားနာပွဲ တက်ရောက်မည်
DVB
·
March 12, 2015
လွှတ်တော်ကြားနာပွဲ တက်ဖို့ဆုံးဖြတ်ကြောင်း မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုဇေယျာလွင်က ပြောဆိုလိုက်ပါတယ်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ၁၅ ဦး ကော်မတီကို လွှတ်တော်မှာ မတ် ၁၆ ရက် မှာ ပြန်လည် ကြားနာခွင့်ပြုတဲ့အတွက် ပြန်လည်တက်ရောက်မည်လို့ ဆိုပါတယ်။ ကျောင်းသား သပိတ်စစ်ကြောင်း တွေကြောင့် ဆယ်တန်းစာမေးပွဲနဲ့ အခြားသော ဆူပူမှုတွေ ဖြစ်မလာစေဖို့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
ကြားနာမှုမတိုင်မီ ဖမ်းဆီးထားသော ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး အဆင့်အထိ တွေ့ဆုံနွေးနွေးမည်ဖြစ်ပြီး ဖမ်းဆီးထားသော ကျောင်းသားတွေထဲမှာ မတ်လ ၁၉ ရက်နေ့ ကျင်းပမဲ့ စာမေးပွဲဖြေရမဲ့သူ ၅၀ လောက်ပါဝင်ပါတယ်။
ဗကသ ကတော့ လွှတ်တော်ကို တက်မယ့်အစီအစဉ်တွေထဲ မပါဝင်ဘူးလို့ သိရပါတယ်။