အိုင်ဗရီကို့စ်သမ္မတကတော်ဟောင်းကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

အိုင်ဗရီကို့စ်နိုင်ငံတရားရုံးက ၂၀၁၁ ရွေးကောက်ပွဲနောက်ပိုင်း အကျပ်အတည်းအတွင်း လူအယောက် ၃၀၀၀ လောက် အသတ်ခံရမှုမှာ ပါဝင်ပတ်သက်တဲ့ သမ္မတကတော်ဟောင်း ဆီမွန်(န) ဘတ်ဂဘိုကို မတ် ၁၀ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ စီရင်လိုက်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ နိုင်ငံတော်လုံခြုံရေးကို အောက်ခြေက လှိုက်စားမှု၊ သူစိမ်းကြောက်မှုနဲ့ လက်နက်ကိုင် ပြည်သူ့စစ်တပ်ကို ဖွဲ့စည်းမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံရပြီး လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးက သူကို အလိုရှိနေခဲ့တာပါ။ သူကို သမ္မတဟောင်း လောရန့်ဘတ်ဘိုရဲ့ တခြား မဟာမိတ် ၈၂ ယောက်နဲ့အတူ တရားရုံးတင် စီရင်ခဲ့တာ ဖြစ်ပါတယ်။ [gallery ids="85115,85116,85117"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up