အီရတ်တပ်များ အိုက်အက်စ်ကို အပြင်းအထန် ထိုးစစ်ဆင်

အစ္စလာမ္မစ် (အိုင်အက်စ်)တွေ သိမ်းပိုက်ထားတဲ့ ဘဂ္ဂဒက်မြို့တော် မြောက်ဘက်က တီကရစ်မြို့ကို အီရတ် စစ်တပ်နဲ့ ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေက မတ် ၁၀ ရက်နေ့က ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ တီကရစ်မြို့ဟာ ဘဂ္ဂဒက်မြို့တော်နဲ့ အိုင်အက်စ်အဖွဲ့ အခိုင်အမာသိမ်းပိုက်ထားတဲ့ မိုဆူးလ်မြို့ကြားမှာ ရှိပြီး မိုဆူးလ်မြို့ကို သိမ်းပိုက်နိုင်ရေး မဟာဗျူဟာကို စမ်းသပ်တဲ့ မြို့သိမ်းတိုက်ပွဲလည်း ဖြစ်ပါတယ်။ မြို့နဲ့ နီးလာတာနဲ့ အမျှ အပြင်းအထန် ခုခံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ အရင်တပတ်က မိုဆူးလ်မြို့ အရှေ့တောင်ဖက်က အယ်လ်ဒူးရ်မြို့နဲ့  အယ်လ် အလန်မ်မြို့ကိုပါ သိမ်းပိုက်နိုင် ခဲ့ပြီ ဖြစ်တာကြောင့် အိုင်အက်စ်အဖွဲ့ရဲ့ လက်နက်ရိက္ခာ ထောက်ပံ့ရေး အဓိက လမ်းကြောင်းကို ဖြတ်တောက် နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ တချိန်ထဲမှာ ပက်ခ်ျမာဂါ ကာဒ့်တပ်ဖွဲ့ဝင်တွေကလည်း အီရတ်ရဲ့ အဓိကရေနံမြေဖြစ်တဲ့ ကာကွက်မြို့ ပတ်ဝန်းကျင်က အိုင်အက်စ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေကြပါတယ်။ ကာကွက်မြို့ကို ကာဒ့်တပ်ဖွဲ့က သိမ်းပိုက်ထားပေမယ့် မြို့ပတ်ဝန်းကျင်ဒေသတွေကတော့ အိုင်အက်စ်တွေရဲ့ သိမ်းပိုက်ခံထားရတာပါ။ အီရတ်အာဏာရှင် ဆက်ဒမ် ဟူစိန်ရဲ့ ဇာတိမြို့ ဖြစ်တဲ့ တီကရစ်မြို့သိမ်းစစ်ဆင်ရေးမှာ ရှီးယား မွတ်စလင် အများစု ပါဝင်တဲ့ ပြည်သူ့စစ် အင်အား ၂ သောင်းကျော်နဲ့ ၀န်းရံတိုက်ခိုက်နေပြီး အမေရိကန် မဟာမိတ်တွေရဲ့ လေကြောင်းစစ်ကူမှု တောင်းခံထားခြင်းမရှိသေးပါဘူး။ [gallery ids="85074,85075,85076,85077,85078"]  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up