ပေါ်တိုနှင့် ရီးရဲလ် ချန်ပီယံလိဂ် ကွားတားတက်

ဖေဖော်ဝါရီ ၁၀ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ ချန်ပီယံလိဂ် ဒုတိယအဆင့်ပွဲစဉ်တွေ ကစားအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တို အသင်းတို့ ကွားတား ဖိုင်နယ်ကို တက်ရောက် သွားပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ရှော်ကေးအသင်းပွဲစဉ်မှာတော့ ရီးရဲလ်အသင်းက ၃ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်သွားပေမယ့် ပထမအကျော့မှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတဲ့ အတွက် ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး ကွားတားဖိုင်နယ်ကို တက်ရောက်သွားတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းအတွက် ရော်နယ်ဒိုက ၂ ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၁၅ ပွဲကစားပြီး ၇၆ ဂိုးနဲ့ ဂိုးသွင်းစံချိန်တင်နိုင်ခဲ့ပါတယ်။ အရင်က မက်စီက ၉၃ ပွဲကစားပြီး ၇၅ ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်ဖြစ်တဲ့ ပေါ်တိုနဲ့ ဘေဆယ်တို့ရဲ့ ပွဲစဉ်မှာတော့ ပေါ်တို အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး  ၂ ပွဲ ရလဒ် ၅ ဂိုး ၁ဂိုးနဲ့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွားတာဖိုင်နယ်ကို ပေါ်တို အသင်းက တက်ရောက်သွားတာ ဖြစ်ပါတယ်။ [gallery ids="85065,85066,85067,85068,85069,85070,85064,85062,85063"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up