လှည်းတန်းဆန္ဒပြမှု ရဲတပ်ဖွဲ့ တားမြစ် လူစုခွဲ
DVB
·
March 10, 2015
လက်ပံတန်းမှာ ရဲတပ်ဖွဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်ရပ်အတွက် ရန်ကုန်လှည်းတန်းမှာ ဆန္ဒပြနေတာကို ရဲတပ်ဖွဲ့က တားမြစ်ပြီး ကျောင်းသားတဦးကို ဖမ်းဆီးသွားပါတယ်။
နေလယ် ၂ နာရီခွဲနောက်ပိုင်းမှာ ဆန္ဒပြခဲ့တာ ဖြစ်ပြီး ရဲတွေက လှည်းတန်းလမ်းဆုံမှာ စောင့်နေသလို ကျောင်းသားတွေက လှည်းတန်း လမ်းဆုံကတဆင့် လိပ်ခုံးဘက်ကို သွားရောက်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေနောက်ကို လိုက်သွားတယ်လို့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
နောက်ဆုံးသတင်းတွေအရ ဖမ်းဆီးထားတဲ့ ကျောင်းသားတဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။
ဒီနောက်မှာတော့ ကျောင်းသားတွေရှေ့ကနေ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်လိုက်ပြီး ကျောင်းသား တဦးကို ဖမ်းဆီးသွားတယ်လို့ သူက ပြောပါတယ်။
အစောပိုင်းက ၅၀ ကျော်သာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခုတော့ ရာနဲ့ချီရှိတယ်လို့လည်း ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
ကားတစီးလည်း ရောက်လာပြီး လူစုမခွဲရင် ဖမ်းဆီးမယ်ဆိုတဲ့ ကြေညာချက်တွေ ဖတ်ပြနေတယ်လို့ ဆိုပါတယ်။