Live
Home
အထွေထွေ
MH 370 လေယာဉ်ပျောက်ဆုံးမှု ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
DVB
·
March 9, 2015
မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ် ပျောက်ဆုံးသွားတာ မတ် ၈ ရက်နေ့မှာ ၁ နှစ်ပြည့်မြောက်ပြီ ဖြစ်လို့ အောက်မေ့ဖွယ်အခမ်းအနားကို မလေးရှားတွေ၊ တရုတ်တွေနဲ့ တခြား နိုင်ငံသားတွေ စုပေါင်း ပြုလုပ်ကြပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပတဲ့အချိန်မှာပဲ လေယာဉ်နဲ့ လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကံကြမ္မာကို ဘယ်တော့မှ မသိနိုင်တော့ဘဲ ပြီးဆုံးသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။ လေယာဉ်ဝန်ထမ်းရဲ့ ကျန်ရစ်သူ ဇနီးသည်က ၀မ်းနည်းကြေကွဲရသလို၊ အချင်းချင်း ကူညီရိုင်းပင်းမှုကိုလည်း ခံစားရတယ်လို့ ပြောပါတယ်။ ဂရေ့စ် ဆူဘာသီယာ နသန်ရဲ့ မိခင်ကလည်း လေယာဉ်ပေါ် ပါသွားခဲ့တာပါ။ သူက ခံစားခဲ့ရတာတွေကို ပြန်ပြောရတာ မလွယ်ပါဘူး။ ဒါပေမယ့် မရှိတော့တဲ့ သူ့အမေအတွက် တတ်နိုင်သလောက် အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်လို့ ပြောပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားကို မလေးရှားလေကြောင်းဝန်ထမ်းတွေလည်း တက်သလို MH370 လေယာဉ်မှူးရဲ့ သူငယ်ချင်းဖြစ်တဲ့ ပီတာချွန်းလည်း တက်ရောက်စကားပြောပါတယ်။ “အခုလို အခမ်းအနား ပြုလုပ်တာဟာ MH370 လေယာဉ်ကို မမေ့ကြဖို့ ဖြစ်ပါတယ်၊ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားတွေ၊ လေယာဉ်ဝန်ထမ်း မိသားစုတွေကို ငဲ့ညှာသောအားဖြင့် မမေ့ဖို့ လိုပါတယ်လို့ ပြောပါတယ်။” MH370 လေယာဉ် ပျောက်ဆုံးသွားတာ ၃၆၅ ရက် ရှိသွားခဲ့ပေမယ့် နိုင်ငံတကာ ပူးပေါင်း ရှာဖွေမှုကနေ ဘာသဲလွန်စမှ အခုထိ မရသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024