ရှေးဟောင်းနယ်မြေ ဟာထရာမြို့ကို အိုက်အက်စ်အဖွဲ့ ထပ်မံ ဖျက်ဆီး

ကုလသမဂ္ဂ ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ (ယူနက်စကို) ထိန်းသိမ်းစောင့် ရှောက်ခံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဟာထရာ မြို့ကိုလည်း အိုင်အက်စ် အစွန်းရောက်တွေ ထပ်မံ ဖျက်ဆီးခဲ့ကြတယ်လို့ အီရတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ မတ် ၇ ရက်နေ့က စပြီး မြေတူးစက်တွေနဲ့ မြေလှန်ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အီရတ် ခရီးသွားနဲ့ ရှေးဟောင်းအမွေအနှစ်ဝန်ကြီးဌာနက ကြေညာချက်ကိုကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေဟာ မိုဆူးလ်မြို့အနီးမှာ ရှိပြီး အိုင်အက်စ်အစွန်းရောက်တွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဖျက်ဆီးခဲ့တဲ့ တတိယမြောက် သမိုင်းဝင်အမွေအနှစ်တွေ ဖြစ်ပါတယ်။ ဘီစီ ၃ ရာစုနဲ့ ၂ ရာစု တည်ဆောက်ခဲ့တဲ့ အထူးခိုင်ခံတဲ့ အုတ်တံတိုင်းတွေ ဖြစ်ပြီး ရိုမန်တွေရဲ့ ကျူးကျော်မှုကိုတောင် တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။ မတ် ၅ ရက်နေ့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က အာဆီရီယန်မြို့ဟောင်းဖြစ်တဲ့ မြို့ကို အိုင်အက်စ် တွေ မြေလှန်ဖျက်ဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အေဒီ ၇ ရာစုက သမိုင်းဝင်ရုပ်တုတွေနဲ့ ပြတိုက်ကို ဖျက်ဆီးခဲ့ကြတာပါ။ အခု နောက်ဆုံးဖျက်ဆီးခဲ့တဲ့ သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေဟာ အရင်က ဖျက်ဆီးခဲ့တဲ့ အာဆီရီယန် သမိုင်းဝင် အမွေအနှစ်တွေ မဟုတ်ပဲ ဂရိ-ရိုမန်ယဉ်ကျေးမှုနဲ့ အရှေ့အာရှယဉ်ကျေးမှုတွေ လွှမ်းမိုးတဲ့ ယဉ်ကျေးမှု အမွေအနှစ်နယ်မြေ ဖြစ်ပါတယ်။ [gallery ids="84797,84798,84799"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up