Live
Home
မြန်မာသတင်း
မြန်မာလူငယ်များ စစ်တပ်ကို အညံ့ခံမည့်အစား ထောင်ကျခံဟု အိုဘားမားပြော
DVB
·
March 8, 2015
စစ်တပ်ကို အညံ့ခံ အရှုံးပေးမယ့်အစား မြန်မာလူငယ်တွေဟာ ထောင်အကျခံတယ်လို့ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ပြောပါတယ်။ ၁၉၆၅ ခုနှစ်  မဲပေးဖို့ အခွင့်အရေးအတွက် ဆဲလ်မာကနေ မောင့်ကိုမာရီကို ချီတက် တောင်းဆိုတဲ့ အကြမ်းမဖက် ဆန္ဒပြတဲ့ လူ ၆၀၀ ကို အယ်လ်ဘား ပြည်နယ် ရဲတပ်ဖွဲ့တွေက အက်ဒ်မန် ပီတပ်စ် တံတားနားမှာ ရိုက်နှက် ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့  နှစ် ၅၀ ပြည့် “သွေးမြေကျ တနင်္ဂနွေနေ့” အမှတ်တရ အခမ်းအနား ကျင်းပတဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မြန်မာက လူငယ်တွေနဲ့ ဥပမာပေးပြီး အိုဘားမားက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ myanmar-clashes“သံမဏိ လိုက်ကာနောက်ကွယ်က လူငယ်တွေက ဆဲလ်မာဖြစ်ရပ်ကို မြင်တွေပြီး နံရံတွေကို နောက်ဆုံးမှာ ဖြိုချနိုင်ပါတယ်၊ တောင်အာဖရိက ဆွာဝီတိုက လူငယ်တွေက ဘော်ဘီကနေဒီပြောတဲ့ လှုပ်ခတ်နေတဲ့ မျှော်လင့်ချက်နဲ့ နောက်ဆုံးမှာ လူမျိုးရေး ခွဲခြားမှုကို တိုက်ထုတ်နိုင်ခဲ့ပါတယ်၊ မြန်မာက လူငယ်တွေကလည်း စစ်တပ်ကို အညံ့ခံမယ့်အစား ထောင်အကျခံကြပါတယ်။ ဒါဟာ ကမ္ဘာကို ပြောင်းစေတဲ့ အင်မတန်မှ အင်းအားကြီးတဲ့ လူငယ်တွေရဲ့ ဆောင်ရွက်ချက်တွေဖြစ်တယ်” လို့ အိုဘားမားက ပြောပါတယ်။ ဆယ်လ်မာက လှုပ်ရှားမှုကြောင့် မဲပေးပိုင်ခွင့် အခွင့်အရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။ အာဏာမရှိတဲ့လူတွေက ကမ္ဘာရဲ့ အင်အားကြီး နိုင်ငံတွေကို ပြောင်းလဲနိုင်သလို လွတ်လပ်ခွင့်နယ်ပယ်ကို ပိုမိုချဲ့ထွင်ဖို့ ခေါင်းဆောင်တွေကို ဖိအားပေးနိုင်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဆဲလ်မာက အတွေးအခေါ်တွေက အစစ်အမှန်တွေ ဖြစ်လာတယ်ဆိုတာကို လူငယ်တွေက  မြင်တွေ့နေသလို အမေရိကန်မှာ ဒါတွေ အမှန်တကယ် ဖြစ်နေရတယ်ဆိုတာကိုလည်း သူတို့ မြင်လာတယ်လို့ သူက ပြောပါတယ်။ ဆဲလ်မာ ဆန္ဒပြမှုမှာ ရဲတွေက ရိုက်နှက်ခဲ့တဲ့ အတွက် ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ခေါင်းဆောင် ဂျွန်လူးဝစ်ဟာ လက်ရှိ ရီပတ်ဘလီကင် အမတ် တဦး ဖြစ်နေသလို သူရဲ့ သူရဲကောင်းတဦးဖြစ်တယ်လို့ အိုဘားမားက ပြောဆိုသွားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူက  ဝါရှင်တန် ဒီစီမှာ မတ်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာအစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အင်းအားသုံးဖြိုခွင်းခဲ့တာကို စိုးရိမ်သလို ဒီမိုကရေစီနဲ့မကိုက်ညီဘူးလို့ ပြောကြားလိုက်ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို လေ့စားဖို့နဲ့ ဒါဟာ ဒီမိုကရက်တစ် လူမှုအသိုင်းအ၀န်းမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024