သပိတ်မှောက်ကျောင်းသားများကို ခွန်အားဖြည့်ပေးသည့် ပန်းရဲ့လမ်း

လုံခြုံရေး ရဲတပ်ရင်းတွေရဲ့ ပိတ်ဆို့ ဟန့်တားမှုကို ခံထားရတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကို စိတ်ဓာတ် ခွန်အားဖြစ်စေဖို့ ကိုရဲလွင်ဦးဆောင်တဲ့ ပန်းရဲ့လမ်း တေးဂီတအဖွဲ့က လက်ပံတန်းမှာ ဒီနေ့မနက် သွားရောက်ဖျော်ဖြေခဲ့ကြပါတယ်။ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေ စိတ်ဓာတ် ခွန်အားဖြစ်စေဖို့၊ ပင်ပန်းနွမ်းနယ်မှုတွေ ပပျောက်ပြီး အားအင်တွေ လန်းဆန်းလာစေဖို့နဲ့ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိဖို့ ဆက်လက်ချီတက်နိုင်အောင်အတွက် ပန်းရဲ့လမ်းတေးဂီတ အဖွဲ့ဟာ ပန်းရဲ့လမ်း၊ ခွန်အားဖြည့်မိငယ်၊ နဒီမင်္ဂလာ၊ ပန်းခရမ်းပြာ၊ အားလုံးကို ကျော်ဖြတ်ရမယ် စတဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ သတင်းဓာတ်ပုံ - လွင်မှိုင်း၊ ဉာဏ်ကြီး [gallery ids="84693,84694,84695,84696"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up