မေ၀ယ်သာနှင့် မထိုးမီ ကိုယ်ပိုင်သီချင်း ရုပ်သံ သွင်းယူခဲ့သည့် ပတ်ကွီရို

မေလ ၂ ရက် အမေရိကန် လက်ဝှေ့သမားနဲ့ မထိုးသတ်မီ ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုက သီချင်းရုပ်သံတခုကို သွင်းယူခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ လေ့ကျင်ပြင်ဆင်နေရင်း သွင်းယူခဲ့တဲ့ ဒီသီချင်းဟာ လေ့ကျင့်ရာနေရာတွေမှာ ရိုက်ယူထားတာ ဖြစ်တယ်လို့ ဗွီဒီယိုဖိုင်ကို လုပ်ဆောင်ခဲ့တဲ့ ညွှန်ကြားရေးမှူး ရိုင်ယန်မောက ပြောပါတယ်။ ဗွီဒီယိုဖိုင်မှာ လမ်းပေါ် လေ့ကျင် လှုပ်ရှားနေတဲ့ ပုံရိပ်တွေ၊ သူ့ကို ကြည့်ရှု အားပေးနေ သူတွေ ရှေ့မှာ လေ့ကျင်နေတဲ့ပုံရိပ်တွေကို ဖြစ်ရပ်မှန်ပုံစံ ထည့်သွင်း ရိုက်ကူးထားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ထိုးသတ်ဖို့ မပြင်ဆင်မီ ဒီသီချင်း ရုပ်သံကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကတ် ဟောလီးဝုဒ်က ၀ိုင်းကဒ် လက်ဝှေ့ကလပ်မှာ လေ့ကျင်နေသလို ဒီကလပ်ကိုလည်း လက်နက်ကိုင် ၇ ဦးက စောင့်ကြပ်ပေးထားပါတယ်။ [gallery ids="84619,84617,84616,84618"]

More News
Up